Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 29 September 2012

၂၀၁၃-၁၄ ခုနှစ်အမီ အရေးပေါ် ကုသမှုဌာန ပေါ်ပေါက်ရန် စီစဉ်ဆောင်ရွက် လျက်ရှိ


ယနေ့ခေတ် အချိန်ကာလမှာ အကြောင်း အမျိုးအမျိုးကြောင့် အရေးပေါ် ကုသဖို့လိုအပ်တဲ့ လူနာတွေ များပြားလာ တာကြောင့် လာမယ့် ၂၀၁၃-၁၄ ခုနှစ်အမီ
အရေးပေါ် ကုသမှုဌာန တွေကို နေရာတိုင်းမှာ ဖွင့်လှစ် ပေးနိုင်အောင် စီစဉ်လျက် ရှိတယ်လို့ စက်တင်ဘာ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အရေးပေါ် လူနာအသက် ကယ်တင် ကုသပို့ဆောင်ရေး လုပ်ငန်း ဖွင့်ပွဲမှာ ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဖေသက်ခင်ရဲ့ ပြောကြားချက် အရ သိရပါတယ်။

လက်ရှိ မှာလည်း ယာဉ်မတော်တဆမှုတွေ ဖြစ်ပေါ်နိုင်တဲ့ နေရာတွေမှာ အရေးပေါ် အသက် ကယ်တင်မှုတွေ ပြုလုပ် ပေးနိုင်ဖို့ အရေးပေါ် အသက်ကယ်တင် ကုသမှု စခန်းတွေကို ဖွင့်လှစ်ပေး ဖို့လည်း ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝေးလံခေါင်သီတဲ့ ဒေသများ၊ မြို့ပြနဲ့နီးစပ်ရာ ဒေသများ စတာတွေမှာ အရေးပေါ် ကုသမှု ခံယူဖို့လိုအပ်တဲ့အခါ ပြုစုနိုင်တဲ့ နေရာဌာနတွေကို အမြန်ဆုံး သွားရောက်ကာ ပြုစုကုသမှု ခံယူဖို့လိုအပ်တဲ့ အတွက်လည်း အခုလို ဌာနတွေကို ဖွင့်လှစ်ပေးဖို့လိုအပ် လာတာ ဖြစ်ပါတယ်။ လက်ရှိမှာ ကျန်းမာရေး ဆိုင်ရာ ပြဿနာ ဖြစ်ပွားရာ နေရာဒေသ တွေကို အမြန်ဆုံး ရောက်ရှိပြီး အရေးပေါ် ပြုစုစောင့်ရှောက်မှု ပြုလုပ်ပြီး စနစ်တကျ ကုသပြုစုမှု ပေးနိုင်မယ့် ဆေးရုံ၊ ဆေးခန်း တွေကို လူနာတွေ ရောက်ရှိဖို့လည်း ခက်ခဲလျက် ရှိတယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့်လည်း တတ်ကျွမ်း နားလည်သူတွေ၊ အရေးပေါ် ကုသဖို့အတွက် လိုအပ်တဲ့ ပစ္စည်း ကိရိယာတွေနဲ့ လူနာတင် ယာဉ်တွေကိုပါ အပြည့်အစုံ ထားရှိပြီး အရေးပေါ် ကုသမှု ဆိုင်ရာ ဌာနတွေကို ဖွင့်လှစ်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့