Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 29 September 2012

သြစတြေးလျသို့ ပြည်တွင်းမှ သွားရောက် ပညာသင်ကြားမှု လျော့ကျလာ


ယခုနှစ်ပိုင်း အတွင်း ပြည်တွင်းက ကျောင်းသား၊ ကျောင်းသူများ အနေနဲ့ သြစတြေးလျ နိုင်ငံကို သွားရောက် ပညာသင်ကြားမှု တွေဟာ လျော့ကျလာ
တယ်လို့ စက်တင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သြစတြေးလျ ပညာရေး ဆွေးနွေးပွဲမှ သိရပါတယ်။ ဒီလို သြစတြေးလျ ပညာ သွားရောက် သင်ယူမှု လျော့ကျ လာတာဟာ အခုနောက်ပိုင်း UK ပညာရေး ဘက်ကို စိတ်ဝင်စားမှု များပြားလာ တာကြောင့် ဖြစ်ပါတယ်။ သြစတြေးလျကို သွားရောက် ပညာသင်ကြားမယ် ဆိုရင်တော့ ကျောင်းလခ အနေနဲ့တစ်နှစ် အတွက်  သြစတြေးလျ ဒေါ်လာ တစ်ထောင့် ငါးရာ ကနေ သုံးထောင် အထိ ကုန်ကျမှာ ဖြစ်ပါတယ်။

ကျန်တဲ့ နေ့စရိတ်၊ စားစရိတ် ကတော့ မိမိတို့မှာယူ သုံးစွဲတဲ့ အပေါ်မှာ ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ သြစတြေးလျမှာ သွားရောက်ကာ ကျောင်းတက်လိုသူတွေ အနေနဲ့ အခြား စင်္ကာပူ ပညာရေး ထက်စရိတ် မြင့်မားပေမယ့် UK ပညာရေးနဲ့ ယှဉ်ရင်တော့ ကျောင်းစရိတ် လျော့နည်းတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပညာရေး အခြေခံ ကိုလည်း ယခုထက် ပိုမိုတိုးမြှင့်ဖို့ လိုအပ်ပြီး ပြည်ပကျောင်း သွားမတက်မီ အချိန် ကတည်းက ပြည်တွင်းမှာ ကြိုတင် လေ့ကျင့်မှုတွေ ပြုလုပ်ထား သင့်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့