Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 26 September 2012

သတင်းတိုများ


ဧရာဝတီတိုင်း ဒေသကြီးရှိ ကမ္ဘာလှည့် ခရီးသည် သွားလာမှု များပြားသည့် နေရာများ၌ အဆင့်မီ သန့်စင်ခန်းများ ဆောက်လုပ် သွားမည်

ဧရာဝတီတိုင်း ဒေသကြီး အတွင်း ကမ္ဘာလှည့် ခရီးသည်တွေ သွားလာ လည်ပတ်လေ့ ရှိတဲ့နေရာ များမှာ အဆင့်မီ သန့်စင်ခန်းများ ဆောက်လုပ်
ပေးဖို့ ဆောင်ရွက် လျက်ရှိ တယ်လို့ ချောင်းသာ ဟိုတယ် ဇုန်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို အဆင့်မြင့် သန့်စင်ခန်းများ ဆောက်လုပ် ပေးဖို့စီစဉ်ရတာဟာ ပြည်ပ ဧည့်သည်များ အနေ နဲ့ ပြည်တွင်းရှိ နေရာဒေသ များကို သွားရောက် လေ့လာရာမှာ ခေတ္တ ၀င်ရောက် နားခိုနိုင်တဲ့ နေရာတွေမှာ အဆင့်မြင့် သန့်စင်ခန်း တွေကို တည်ဆောက် ပေးဖို့ လိုအပ်နေပြီး အဆင့်မြင့် သန့်စင်မှုတွေ မရရှိပါက မိမိတို့ နိုင်ငံအပေါ် အထင်အမြင် သေးမှုတွေ ဖြစ်ပေါ်မှာ စိုးရိမ်တဲ့ အတွက် ဖြစ်ပါတယ်။

အဲ့ဒီအတွက် သန့်စင်ခန်းတွေ ဆောက်လုပ်ဖို့ စီစဉ်ပြီး ဒီလို ဆောက်လုပ် ရာမှာတော့ လက်လုပ် လက်စား ငါးဒိုင်၊ ပုစွန်ဒိုင်များ၊ ဈေးများ၊ ပြည်ပ ခရီးသွားများ စိတ်ဝင်စားမှု ရှိနိုင်တဲ့ နေရာများမှာ တည်ဆောက် သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ဆောက်လုပ်ဖို့စီစဉ်မှု ကိုတော့ လက်ရှိမှာ စတင် ဆောက်လုပ် ဆောင်ရွက် နေပြီ ဖြစ်တယ်လို့သိရပါတယ်။ ဒီလိုဆောင်ရွက်ရာ မှာတော့ သန့်စင်ခန်းများ ဆောက်လုပ်ဖို့ အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း များနဲ့ ညှိနှိုင်း ဆောင်ရွက်မှုများ ပြုလုပ်ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆင့်မြင့် သန့်စင်ခန်းများ ဆောက်လုပ်ဖို့ အတွက် ငွေကြေး လိုအပ်မှု ရှိတဲ့အခါ မှာလည်း ဟိုတယ် လုပ်ငန်းရှင် များနဲ့ ဆွေးနွေး ဆောင်ရွက် နိုင်မှာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်း ဒေသကြီး အတွင်း ပြည်ပခရီးသွား လာရေးတွေ ပိုမို တိုးတက်စေဖို့ အတွက် အခုလို စီမံဆောင်ရွက်မှုတွေ သာမက သွားလာမှု လွယ်ကူ စေရေး၊ အခြား ၀န်ဆောင်မှုများ ပြည့်စုံ ကောင်းမွန်စေရေး တွေကိုလည်း စီစဉ် လုပ်ဆောင်လျက် ရှိတယ်လို့ သိရပါတယ်။

ပြည်တွင်း၌ Nano Sim Card ထုတ်ပေး နိုင်အောင် စီစဉ်သွားရန်ရှိ

အသစ်ထွက်ရှိ လာတဲ့ i-Phone 5 ကို ပြည်တွင်းမှာ အသုံးပြုနိုင်ဖို့ အတွက် Nano Sim Card တွေကို မှာယူ ထုတ်လုပ် ပေးသွားဖို့ စီစဉ်သွားမှာ
ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို ထုတ်ပေးဖို့ စီစဉ်ရာ မှာတော့ ပြည်တွင်းမှာ i-Phone 5 ၀ယ်လိုအား အပေါ် မူတည်ကာ နာနိုဆင်းကတ် လုပ်ဖို့ကို စီစဉ်မှာ ဖြစ်ပါတယ်။

ဒါကလည်း မြန်မာ့ ဆက်သွယ်ရေးမှ Nano Sim ကတ် ထုတ်ပေးရမယ့် ပမာဏကို ထည့်သွင်း  စဉ်းစားဖို့လိုအပ် တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ စက်တင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ ပြည်တွင်း ဈေးကွက်ထဲကို i-Phone-5 ၀င်ရောက် လာပြီး အသုံးပြုဖို့ ခက်ခဲနေ သေးပေမယ့် pre-order မှာယူထားသူ ၁၀ ဦးနဲ့ အထက်မှာ ရှိနေတယ်လို့ Apple ကုမ္ပဏီမှ တရားဝင် ကိုယ်စားလှယ် ရရှိအောင် လုပ်ဆောင် နေတဲ့ ပြည်တွင်း ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ မြန်မာ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့လည်း နာနိုဆင်းကတ်တွေ ထုတ်ပေးဖို့ အတွက် လက်ရှိ ပြည်တွင်းရဲ့ i-Phone-5 ၀ယ်လိုအား အပေါ် မူတည်ကာ နာနိုဆင်းကတ် ၀ယ်ယူ ထုတ်ပေးနိုင်ဖို့ အတွက် ဆောင်ရွက် နိုင်မယ့် ကုမ္ပဏီတွေကို တင်ဒါ ခေါ်ယူမှုတွေက အစ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။


ပညာရေး ၀န်ဆောင်မှုနှင့် သုတေသန လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံရန် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များ စိတ်ဝင်စားနေ

ပုဂ္ဂလိက ကဏ္ဍ ပညာရေး ၀န်ဆောင်မှုနှင့် သုတေသန လုပ်ငန်း များတွင် ရင်းနှီး မြှုပ်နှံနိုင်ဖို့ အတွက် ဂျပန်စီးပွားရေး လုပ်ငန်းရှင် များမှ စိတ်ဝင်စားလျက်
ရှိနေတယ်လို့ စက်တင်ဘာလ ၂၄ ရက်နေ့က UMFCCI မှာ ကျင်းပ ပြုလုပ်တဲ့ မြန်မာ-ဂျပန် ရင်းနှီး မြှုပ်နှံမှုနဲ့ စီးပွားရေး ကုန်သွယ်မှု လုပ်ငန်းများ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးပွဲမှ သိရပါတယ်။ ဒီလို ပညာရေး ၀န်ဆောင်မှုနဲ့ သုတေသန လုပ်ငန်းများကို ဂျပန်နိုင်ငံမှ စိတ်ဝင်စားမှု ရှိတာဟာ မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ တွေဟာ ဂျပန်နိုင်ငံ မှာရှိတဲ့ တက္ကသိုလ် များမှာ ပညာ သင်ကြား လိုစိတ် များပြား နေတာကြောင့် ဖြစ်သလို ဂျပန်နိုင်ငံမှ ပြုလုပ်တဲ့ တစ်ကမ္ဘာလုံး ဆိုင်ရာ ဂျပန် ဘာသာ အရည်အချင်းစစ်ပွဲ မှလည်း မြန်မာနိုင်ငံမှ ကျောင်းသားများ စိတ်ဝင်စား မှုဟာ နံပါတ် ၆ နေရာမှာ ရှိနေတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ယခု ကျင်းပခဲ့တဲ့ တွေ့ဆုံ ဆွေနွေးပွဲ မှာတော့ နှစ်နိုင်ငံ စီပွားရေး လုပ်ငန်းရှင် တွေဟာ ပညာရေး ၀န်ဆောင်မှုနဲ့ သုတေသန လုပ်ငန်းများ သာမက ဘဏ်လုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း၊ အ၀တ်အထည် လုပ်ငန်း၊ ဓါတုဗေဒ ပစ္စည်း လုပ်ငန်း၊ စက်ပစ္စည်း အမျိုးမျိုး လုပ်ငန်းများ မှာလည်း ရင်းနှီးမြှုပ်နှံနိုင်ဖို့ တွေ့ဆုံခဲ့ ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ထုတ်ပိုးမှု လုပ်ငန်း၊ အကြီးစား စက်ပစ္စည်း လုပ်ငန်း၊ သတင်းနဲ့ နည်းပညာ လုပ်ငန်း၊ ကွန်ပျူတာ ၀န်ဆောင်မှု လုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း၊ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းနဲ့ သတ္တုလုပ်ငန်း များမှာလည်း အကျိုးတူ ပူးပေါင်း ဆောင်ရွက်ဖို့ ကိုလည်း ဆွေးနွေးခဲ့ ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ တွေ့ဆုံပွဲ မှာတော့ ဂျပန်နိုင်ငံ Osaka Management Association မှ ဥက္ကဋ္ဌ ဦးဆောင်တဲ့ အဖွဲ့ဝင် ၃၉ ဦးနဲ့ UMFCCI အသင်းချုပ်မှ တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

လာမည့် ၂၀၁၃ ခုနှစ်တွင် ပြည်တွင်း ဓါတ်အား လိုအပ်ချက် မဂ္ဂါဝပ် နှစ်ထောင့် တစ်ရာကျော် ရှိလာနိုင်

ပြည်တွင်းမှာ နှစ်စဉ် ဓါတ်အား လိုအပ်ချက်များ ဖြစ်ပေါ် လျက်ရှိရှာ လာမယ့် ၂၀၁၃ ခုနှစ်မှာ လျှပ်စစ် ဓါတ်အား လိုအပ်ချက်ဟာ နှစ်ထောင့် တစ်ရာ
နှစ်ဆယ့်ရှစ် မဂ္ဂါဝပ် အထိ ဖြစ်ပေါ် လာနိုင်တယ်လို့ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိ သူတွေရဲ့ခန့်မှန်းချက် အရ သိရပါတယ်။ အခု ၂၀၁၂ ခုနှစ် အတွင်းမှာ ပြည်တွင်း လျှပ်စစ် ဓါတ်အား လိုအပ်ချက်ဟာ မဂ္ဂါ၀ပ် တစ်ထောင့် ရှစ်ရာ ငါးဆယ် ရှိပြီး လျှပ်စစ် ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူး နိုင်မှုဟာတော့ တစ်ထောင့် ငါးရာ ငါးဆယ် မဂ္ဂါဝပ်ပဲ ရှိတယ်လို့ သိရပါတယ်။

အဆိုပါ ဖြန့်ဖြူးမှုဟာ ရေအား လျှပ်စစ် စီမံကိန်း များမှ- လျှပ်စစ် ဓါတ်အား တစ်ထောင့် တစ်ရာ-တစ်ထောင့် နှစ်ရာ မဂ္ဂါဝပ်ခန့်နဲ့ သဘာဝ ဓါတ်ငွေ့ ဓါတ်အားပေး စက်ရုံများမှ လျှပ်စစ်ဓါတ်အား ၃၀၀-၃၅၀ မဂ္ဂါဝပ် ထုတ်လုပ် ရရှိပြီး ဖြန့်ဖြူး ပေးနေတာ ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာတော့ ရန်ကုန်တိုင်း ဒေသကြီးဟာ သုံးစွဲမှု အများဆုံး ဖြစ်ပြီး ၂၀၁၁-၂၀၁၂ နွေရာသီ ကာလမှာ ရန်ကုန်တိုင်း ဒေသကြီး အနေနဲ့ ၈၅၀ မဂ္ဂါဝပ် အထိ သုံးစွဲခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ရန်ကုန်တိုင်း ဒေသကြီးမှာ ရေတိုကာလ အတွင်း တည်ဆောက် ပြီးစီးမယ့် သဘာဝ ဓါတ်ငွေ့သုံး ဓါတ်အားပေး စက်ရုံ ၄ ရုံကို တရုတ်နိုင်ငံ၊ ကိုရီးယား နိုင်ငံနဲ့ ထိုင်းနိုင်ငံ တို့မှ လှော်ကား၊ သာကေတ၊ အလုံ၊ အင်းစိန်ရွာမ တို့မှာ လာမယ့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ စတင်ကာ တည်ဆောက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို တည်ဆောက် သွားမယ့် သဘာဝ ဓါတ်ငွေ့ ဓါတ်အားပေး စက်ရုံများမှ လျှပ်စစ် ဓါတ်အား တစ်ထောင့် နှစ်ရာ ငါးဆယ့်သုံး မဂ္ဂါဝပ် ထွက်ရှိမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

ယန်လင်း စိုက်ပျိုးရေးနှင့် သစ်တော တက္ကသိုလ်မှ ပြည်တွင်း ကျောင်းသား ၅ ဦးအား ပညာတော်သင်ဆု ခေါ်ယူမည်

တရုတ် နိုင်ငံရှိ ယန်လင်း စိုက်ပျိုးရေးနှင့် သစ်တော တက္ကသိုလ် ကနေ လာမည့် ပညာသင်နှစ်မှ စတင်ကာ ပြည်တွင်း ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်မှ
ထူးချွန် ကျောင်းသား၊ ကျောင်းသူ ၅ ဦးကို ရွေးချယ်ပြီး ပညာတော်သင်ဆု ပေးအပ်ဖို့ ရှိတယ်လို့ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်ထွဋ်ရဲ့ ပြောကြားချက် အရ သိရပါတယ်။ လက်ရှိ မှာတော့ အဆိုပါ ပညာသင်ဆု အတွက် ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်မှ ထူးချွန် ကျောင်းသား၊ ကျောင်းသူ ၅ ဦးကို ပေးအပ်ဖို့ ရှိပြီး ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းသား များအတွက် ကတော့ သေချာမှု မသိရှိရ သေးတာ ဖြစ်ပါတယ်။

ပြည်တွင်းက ကျောင်းသားတွေ အတွက် ပညာသင်ဆု ပေးအပ်မယ့် ယန်လင်း တက္ကသိုလ် အောက်မှာ ကောလိပ် ၁၈ ခုနဲ့ ဌာနကြီး ၆ ခု ပါဝင်ပြီး လက်ရှိ ပညာသင် နှစ်မှာတော့ ယန်လင်း တက္ကသိုလ် အတွင်း ကျောင်းသား၊ ကျောင်းသူ လေးသောင်း ပညာသင်ကြား လျက်ရှိတယ် လို့လည်း သိရပါတယ်။

အဲ့ဒီအတွက် အဆိုပါ စိုက်ပျိုးရေးနဲ့ သစ်တော တက္ကသိုလ်မှာ ပြည်တွင်းက ကျောင်းသားတွေ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ ဘာသာရပ် တွေကို သွားရောက် သင်ကြားပြီး နိုင်ငံတော်မှ အကောင်အထည် ဖော်လျက်ရှိတဲ့ စိုက်ပျိုးရေး ကဏ္ဍ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးကို ပါဝင် ဆောင်ရွက် လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စိုက်ပျိုး ကဏ္ဍ မှာလည်း အရင်းကို အခြေခံပြီး စိုက်ပျိုး ထုတ်လုပ်တဲ့ နည်းစနစ်မှ နည်းပညာ အခြေခံကာ စိုက်ပျိုး ထုတ်လုပ်တဲ့ စနစ်သို့ ပြောင်းလဲ ဆောင်ရွက် သွားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့