Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 29 September 2012

စက်မှုလက်မှု ကုန်ထုတ်အစု အဖွဲ့များအား ငွေကျပ် သန်းပေါင်း ၇၄၇ သန်းကျော် ထုတ်ချေး ပေးခဲ့


သမ၀ါယမ ၀န်ကြီးဌာန၊ သမ၀ါယမ အသင်းချုပ်မှ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးရှိ စက်မှုလက်မှု ကုန်ထုတ် အစု အဖွဲ့များကို မတည်ငွေ ထုတ်ချေး
မှုဟာ ငွေကျပ်သန်း ခုနှစ်ရာ လေးဆယ့် ခုနှစ် သန်းကျော် ထုတ်ချေး ပေးခဲ့ပြီး ဖြစ်တယ်လို့ သမ၀ါယမ အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ဒီလို ထုတ်ချေးရာ မှာတော့ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ အသင်းပေါင်း တစ်ရာ နှစ်ဆယ့် ကိုးသင်းကို  ငွေကျပ် သန်းနှစ်ရာ့ ရှစ်ဆယ် ကျော်ကို ထုတ်ချေး ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း ဒေသကြီး ကိုတော့ ငွေကျပ်သန်း ရှစ်ရာ့ ငါးဆယ်ကျော်နဲ့၊ ရခိုင် ပြည်နယ်မှာ ငွေကျပ်သန်း ၅၈ သန်းကျော် ထုတ်ချေး ပေးလျက် ရှိပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်း ဒေသကြီး အတွင်း မှာရှိတဲ့ အသင်းပေါင်း ၂၁၂ သင်း ကိုလည်း အဆိုပါ ချေးငွေများ ထုတ်ချေး လျက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဒီလို ငွေထုတ်ချေး ရာမှာတော့ စက်မှုလက်မှု ကုန်ထုတ် အစုအဖွဲ့ သာမက လယ်ယာ အစုအဖွဲ့၊ ငွေစုငွေချေး အစုအဖွဲ့နဲ့ မွေးမြူရေး အဖွဲ့များကို တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာ ဖွဲ့စည်း လျက်ရှိတဲ့ သမ၀ါယမ အသင်းစုချုပ်များမှ မတည်ငွေများ ထုတ်ချေးပေး လျက်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အသေးစား လုပ်ငန်း လုပ်ကိုင်သူနဲ့ အလုပ်သမား၊ အခြေခံ လူတန်းစား များကိုပါ ထုတ်ချေး ပေးလျက် ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့