Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 30 September 2012

ဆောရီးပါ


ဆောရီးပါ..
နေ့တိုင်း ငါ့ကို နင်ချစ်တယ်ပြောလည်း
နေ့တိုင်း ဘာမှမပြောဘဲ အပြောထက် အလုပ်နဲ့သက်သေပြတတ်တဲ့သူ့ကို နင်မမီဘူး။
ဆောရီးပါ...
ကားကောင်းတွေ နင်ဘယ်လောက်စီးနိုင်စီးနိုင်
ငါ့လက်ကိုတွဲပြီး လမ်းကြီးလမ်းငယ်အသွယ်သွယ် ဖြတ်သွားတတ်တဲ့သူ့ကို နင်မမီဘူး။
ဆောရီးပါ....
နင့်ဘေးမှာ မိန်းကလေးတွေ ပတ်လည်ဝိုင်းနေလည်း
ဘယ်မိန်းကလေးကိုမှ မကြိုက် အကြည့်ထဲမှာငါပဲရှိတဲ့သူ့ကို နင်မမီဘူး။
ဆောရီးပါ....
နင် ဘယ်လောက်ချမ်းသာချမ်းသာ
ငါတို့ရဲ့အနာဂတ်ရက်တွေလှဖို့ ကြိုးစားပြီးပိုက်ဆံရှာတဲ့သူ့ကို နင်မမီဘူး။
ဆောရီးပါ...
ငါ့ကို နင်ဘယ်လောက် လိုက်လျောလျော
လမ်းသွားလမ်းလာတွေရဲ့အကြည့်ကို ဂရုမစိုက်ဘဲ
ခလုတ်တိုက်မိသွားတဲ့ ငါ့ခြေထောက်ကို ထိုင်ပွတ်ပေးတတ်တဲ့သူ့ကို နင်မမီဘူး။
ဆောရီးပါ...
ငါ့ကို နင်ရန်မရှာတတ်လည်း
ငါ့စိတ်ဆိုးနေတာတွေ့ရင် ငါ့နဖူးကိုနမ်းပြီး ငါ့ကိုချော့တတ်တဲ့သူ့ကို နင်မမီဘူး။
ဆောရီးပါ...
ငါ့ကို ရင်ခုန်အောင် နင်ဘယ်လိုလုပ်လုပ်
ငါလိုအပ်တဲ့အချိန် ငါ့ရှေ့ရောက်လာတတ်တဲ့သူ့ကို နင်မမီဘူး။
ဆောရီးပါ...
သူ့မကောင်းကြောင်း ငါ့ကို နင်ပြောပြလည်း
အတူနေခဲ့တဲ့ ငါတို့ရဲ့နှစ်လရက်တွေ၊ သံယောဇဉ်တွေကို နင်မမီဘူး။
ဆောရီးပါ...
နင့်မှာ အပေါင်းအသင်းဘယ်လောက်များများ
ငါအနိုင်ကျင့်တာခံရရင် အများနဲ့တစ်ယောက်ရင်ဆိုင်ရဲတဲ့သူ့ကို နင်မမီဘူး။
ဆောရီးပါ...
ငါ့ကောင်းကြောင်းကိုပဲ နင်ချီးကျူးပြောလည်း
ငါ့ရဲ့ချွတ်ယွင်းချက်တွေ သိခဲ့သည့်တိုင် ငါ့အနားက မခွဲမခွာရှိနေပေးတဲ့သူ့ကို နင်မမီဘူး။
ဆောရီးပါ...
နင်ဘယ်လောက်တော်တော်၊ ဘယ်လောက်ထက်ထက်
ငါချစ်တဲ့သူ့ကို နင်မမီပါဘူး။
(ချစ်ခြင်းကမ္ဘာမှာ ဒီလိုမိန်းကလေးမျိုးနဲ့.. ဒီလိုယောက်ျားလေးမျိုး ပေါများပါစေး)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့