Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 26 September 2012

(၁၃၃) ကြိမ်မြောက် မြင်းခြံမြို့ နယ်လုံးဆိုင်ရာ သုံးဆူဘုရား၊ ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပ

မြင်းခြံမြို့နယ်လုံး ဆိုင်ရာ သုံးဆူသော ဗုဒ္ဓရုပ်ပွားတော် (ဖေါင်တော်ဦး၊ ရှင်ပင်ရေပေါ်၊ ဆုတောင်းပြည့်) ဘုရားများ၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကိုမြန်မာ သက္ကရာဇ် ၁၂၄၂ခုနှစ် သီပေါမင်း လက်ထက် ကာလမှ စတင်ကျင်းပခဲ့ပြီး ယခု (၁၃၃) ကြိမ်မြောက် ဘုရားပွဲတော်ကြီးကို ၁၃၇၄ ခုနှစ်တော်သလင်းလဆန်း (၄)ရက်နေ့မှ တော်သလင်း လကွယ်နေ့ အထိ တစ်လတိုင်အောင် ရှေးအစဉ် အလာ အရခေတ်နှင့် အညီကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

ဒေသစာရီကြွချီ အပူဇော်ခံပွဲကြီးကို တော်သလင်းလဆန်း(၁၂)ရက်(၂၇-၉-၂ဝ၁၂)နေ့တွင် တစ်မြို့နယ်လုံး
လှည့်လည် အပူဇော်ခံရာတွင် ခေတ်သစ် သာသနာ့အောင်စည်တော်၊ ကွေ့ကြီးနရည်း အကအဖွဲ့၊ (GMA)ကွေ့ကြီးတေးလုလင်၊ (Golden Spriter) တီးဝိုင်း၊ (218)စင်တင်တေးဂီတ တီးဝိုင်းအဖွဲ့ကြီးများဖြင့် နာမည်ကြီးအဆိုတော် (၃ဝ)ကျော် နှင့် အတူမော်ဒယ်သရုပ်ဆောင်များဖြင့်သုံးရက်တိုင်တိုင်
ညလုံးပေါက် လှည့်လည် အပူဇော်ခံမည်ဖြစ် ကြောင်းသိရသည်။


အဆိုပါမြို့နယ်လုံး ဆိုင်ရာ ဂေဇက်ဝင်၊ သမိုင်းဝင် သုံးဆူဘုရား ပွဲတော်ကြီးကို နှစ်ပေါင်း(၁၃၃)နှစ် တိုင်အောင် အစဉ်အလာမပျက် နေ့ရောညပါခေတ်ပေါ် တီးဝိုင်းများ၊ မြေလျှောက်ကပွဲ(ယိမ်း) အဖွဲ့ငယ်များ၊ တခန်းရပ်ပြဇာတ်အဖွဲ့များ အဖွဲ့ပေါင်း(၅ဝ)ကျော်ဖြင့်မှ မြို့အနှံ့လှည်လည် သီဆိုကပြမည်ဖြစ်ကြောင်း သိရသည်။

မြင်းခြံမြို့နယ်လုံး ဆိုင်ရာသုံးဆူပွဲတော်ကြီးကို နိုင်ငံတော်သံဃနာယက ဗဟိုဝန်ဆောင် ဆရာ တော်ကြီး၊ မြို့နယ်သံဃနာယက ဥက္ကဌဆရာတော်ကြီးများနှင့် သြဝါဒ ဆရာတော်ကြီးများ၏ သြဝါဒနှင့်အညီ ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်လုံခြုံရေးအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္မဏီများ ကူညီပံ့ပိုးမှုဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း
ဂေါပကအဖွဲ့ထံမှပြောကြား၍သိရှိ ရသည်။

မြသန်း( မြင်းခြံ )

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့