Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 30 September 2012

အဖော်မဲ့အလွမ်း


အဖော်မဲ့အလွမ်း

ခရေဖူး........
လေရှုးသောက်လို့
နွေဦးမှာလည်း ...ကြွေကြတယ်.....ခိုင်...။
ခရေပွင့် အကြွေတွေနဲ့.........
လေနင့်အခြွေမှာ..........
မြေသင့်လို့ ခရေခင်းတဲ့လမ်း
ဝေဒနာ အနမ်းနဲ့
ငါ့အတွက်
ကွက်လပ်တွေဖြေရာမဲ့ပေါ့
အိပ်ပျက်ညနဲ့ မဖြေသာ
ဟိုး..............အရင်ညတွေက
သ္ခင် ကိုယ်ငွေ့တွေနဲ့
မှေးစက်ခါ အိပ်နိုင်ခဲ့ပေမယ့်
သ္ခင် မရှိတဲ့ည
အလင်းမဲ့လ လိုပဲ
ကွက်လပ်တွေ ဟာပြည့်နှက်ခဲ့
အိပ်ပျက်ည နဲ့ မဖြေသာ
အတွေး ထပ်ထပ်နဲ့
ငါရေးစပ်ခဲ့တဲ့ ကဗျာတွေဟာလည်း
အရွက်ပေါ် ဆေးစက်ကျရုံနဲ့
တေးစပ်မ ရတဲ့ညတွေ.............
အကြိမ်ကြိမ် ပါဘဲ............ခိုင်.........။

လူ.......


ချစ်လိုက်ကြတာလည်း အသဲအသန်

ကွဲခဲ့ကြတာလည်း အဖန်ဖန်

အခါခါ ခဲမှန် ဘူးပေမယ့်

အချစ်က အမှတ်မရှိတဲ့ စာသူငယ်လို

ရင်ခုန်းခြင်းတွေက တကျော်ကျော် ဟစ်အော်နေကြတုန်း..............။

လူတွေသာ တစ်ယောက်ပြီး တစ်ယောက် ပြောင်းတယ်

ပြောတဲ့စကားက မပြောင်းလဲ

သူ့ကိုသာ အချစ်ဆုံး

ငါ့ဘဝအတွက် သူကသာ နောက်ဆုံးတဲ့.................။

အချစ်ဦးဖြစ်ပေမယ့် အချစ်ဆုံး မဟုတ်သလို

အချစ်ဆုံးဖြစ်ပေမယ့် အချစ်ဦး မဟုတ်ပြန်ဘူး

ဒါပေမယ့်....

သံယောဇဉ်ကြောင့်တော့ ရူးခဲ့ကြဘူးတယ်................

ဆံပင်ဖြူတွေက  တစ်ပင်စ နှစ်ပင်စ

ဘဝက ဇရာကို ပြလာကြပေမယ့်

စိတ်ဓါတ်တွေ ဖြူစင်မလာကြတာ ခက်တယ်................။

ကြယ်ကလေးသို့

ကြယ်ကလေးရေ....
ငါတို့ ဆုံတွေ့စဉ်ကာလ
ဖြူစင်စွာ ချစ်ခဲ့ကြတယ်..........။
မှောင်မိုက်နေတဲ့ ငါ့ဘဝကို
နင့်ရဲ့အလင်း တစ်စက်နဲ့
ငါ့မျှော်လင့်ချက်တွေ အသက်ဆက်စေခဲ့တာ...........။
ရေမြေတွေ ခြားနားတဲ့
နင်နဲ့ ငါ့ကြားမှာ
ဝေးကွာခြင်းတွေကတော့ ရှိနေဦးမှာပါ..............။
အလွမ်းဆိုတာ ဖော်ဆောင်ဖို့
ပြရုပ် မရှိတဲ့ အချိန်တွေပါဟာ
ကားတွေ ဆိုင်ကယ်တွေ တဝီဝီကြား
ဖိနပ်တွေပါးအောင် ငါတို့ လမ်းလျှောက်ရင်း
လူသားအချင်းချင်း
ဂုတ်သွေးစုပ် အမြတ်ထုတ်ချင်းတွေနဲ့
ပြောင်းပြန်သွား လမ်းမကြီးတွေကလည်း
ငါတို့ကို လှောင်ကြတယ်လေ.............။
သတိရတိုင်း ကြည့်ခဲ့တဲ့ ဓါတ်ပုံတွေ
သတိရတိုင်း ရေးခဲ့တဲ့ ကဗျာတွေ
လက်သန်းချင်းချိတ်ရင်း ပေးခဲ့တဲ့ ကတိတွေဟာ
ငါ့ဘဝအတွက်
နင်ပေးခဲ့တဲ့ အမှတ်တရ အလင်းစက်တွေပါ............။
လွမ်းတဲ့စိတ်ကို ကျိတ်မှိတ်
ငါ တစ်ရေး အိပ်လိုက်စဉ် ခဏ
အိပ်မက်ထဲမှာ ဆုံတွေ့ပါရစေ
ကြယ်ကလေးရေ...
ဦးငှက်ကြီး ရေးတဲ့ကဗျာလို
အိပ်မက်သည်သူ
သူသည် အသက်ဖြစ်စေ ပေါ့.............။

သံယောဇဉ်

ချစ်သူပေးလိုက်တာ
ပန်းလေး တစ်ပွင့်လား.....?
နွမ်းလွင့်ကာလေ
ရနံ့တွေ ပျယ်နေမလား
ဒိုင်ယာရီ စာအုပ်ကြားမှာ
ငါ... သိုဝှက်စွာ သိမ်းထားမယ်..................။

ချစ်သူပေးလိုက်တာ
အလွမ်းလေး တစ်ခုလား......?
ကျွမ်းနင့်ပါစေ
နွေတစ်ရာ ပူစေမလား
ဒီအသဲ ကြားမှာ
ငါ..သိုဝှက်စွာ သိမ်းထားမယ်.....................။

သြော်.....

အလွမ်း ဖြစ်ဖြစ်
ပန်းဖြစ်ဖြစ်လေ
မြတ်နိုးမှုတွင်
သံယောဇဉ်နဲ့
ချစ်သူကိုယ်ပွား

နှလုံးသားမှာ
မစိမ်းကားချင်
သိမ်းထားချင်တယ် ချစ်သူရယ်................။
ကဗျာတွေကို ငါချစ်တယ်
တစ်ခုပေးမှ တစ်ခုရတဲ့ လူ့ဘဝ
ငါ့ အသည်းတွေ ကြွေကြပါစေ
ချစ်သူ နင်ပျော်ရွှင်ဖို့ အမြဲပြုံးပြ နေမယ့် လူပါ..............။

ငါတို့က ဘဝကို ပန်းချီကားတစ်ချပ်လို ပုံသွင်း
လှပစွာ ဆေးရောင်ခြယ်နိုင်ခြင်း မရှိမှတော့
ခပ်လျှော့လျှော့ သံယောဇဉ်ကြိုးက
ဘယ်လိုတိုးလို့ ချည်နိုင်တော့မှာလည်း............။

ကောင်မလေးရေ ငါအရမ်း ချစ်ခဲ့တာ
ငါအရမ်း လွမ်းခဲ့တာတွေဟာ
နင်မခံစားတတ်တဲ့ ကဗျာထဲမှာ
 နှလုံးသားထဲက ဆန္ဒကို ဖွင့်အပြ
ကဲ့ရဲ့ချင်တဲ့သူ ကဲ့ရဲ့ကြပေါ့..................။

အွန်လိုင်းပေါ်က ကဗျာ "ဂေါက်သီး" များစွာတဲ့လား
 ဝေဖန်လိုက်ပါ ကောင်မလေး
ငါတို့ကတော့ ကဗျာကို ရူးသွပ်နေသေးတယ်ဆိုတာ
ဘယ်သူဖတ်ဖတ် မဖတ်ဖတ်
ကိုရေးထားတာ ကိုဖတ်ပြီး
ငါတို့ ကျေနပ်ခဲ့တာ
ကဗျာဆရာ ဆိုတဲ့ စကားလုံး
ငါတို့ကို ငါတို့ မသုံးဘူး...............။

တစ်ဖက်သတ် ဆန်တဲ့
အလွမ်းဓါတ်ခံ သမားတွေတဲ့လား
ဟုတ်ပါတယ်
အလွမ်းတွေကို အဖော်ပြု
ကဗျာ ဆိုတဲ့ ရာသီဥတုဆိုတာ
ငါတို့အတွက် အမြဲသာယာနေတာ
နင်ဟာ ငါ့အတွက် ကဗျာ
ဒါကြောင့် ကဗျာတွေကို ငါချစ်တယ်...................။

တစ်ခါတရံ အချစ်ဆိုတာ တိတ်တိတ်ကလေးပဲ ကောင်းတယ်...


ဘယ်လောက်အထိ ချစ်ခဲ့လည်းဆိုရင်
ငါ့ နှလုံးသားကို ပြန်ကြည့်မှ
နင်ပျော်ရွှင်ဖို့ အမြဲပြုံးပြ နေတတ်တာ
ငါ့ကို ငါတောင် သတိမထားမိ ခဲ့ဘူး...........။

အမြဲ သတိရနေခြင်းက
ချစ်ခြင်းရဲ့ အစဆိုရင်
မေ့ပျောက်ခြင်းတွေနဲ့ ပြီးဆုံး
အချစ်ရဲ့ နိဂုံးမှာ
အမုန်းဆိုတာတော့ ငါ့အတွက် မထားခဲ့ပါနဲ့...............။
နင်က ငှက်ကလေးဆို
ငါက သစ်ပင်တစ်ပင်ပါဟာ
ခဏတာ ဝင်နားမှန်း သိနေလျှက်
နင်ပျော်ရွှင်ဖို့ အတွက်
ငါ မနှင်ရက် ခဲ့ဘူးလေ...............။

ရေလှိုင်းလေး ခဏတာ ဝင်နားတဲ့
ကမ်းနားလေး ဟာလည်း... ငါ
တစ်စတစ်စ ပဲ့ကြွေခြင်းမှာ
ငါ ကျရှုံးခြင်းဆိုတာ သိပေမယ့်
ရင်ထဲက မေ့ပြစ်ဖို့ ခက်တယ်..................။

ကျွန်းခံနေတဲ့ နှလုံးသားလမ်းကြောင်းမဟုတ်ပေမယ့်
ဂုဏ်ဓန ဆိုတဲ့ မှတ်တိုင်လေးထား

ငွေပေးမှ သွားခွင့်ရတဲ့
နှလုံးသား လမ်းသစ်တွေကြားမှာ
ငါ....
လမ်းလျှောက်ရင်း လမ်းပျောက်ချင်ခဲ့တာပါ.............။
 
ဖန်တီးယူခဲ့တာ မဟုတ်ခဲ့ ပါဘူး
အလိုလို ဖြစ်တည်လာတဲ့ ရင်ခုန်မှုက
ငါ့နှလုံးသားကိုမှ ဗဟိုပြုခဲ့တာ
နာကျဉ်မှုတွေပါ တစ်ခါတည်း သယ်လာခဲ့သလား...........။
 
ကမ္ဘာအတု လေးထဲက
သံယောဇဉ် အတုတွေလို့ ထင်ရင်
ငါတို့ ဘယ်တော့မှ ပြန်မဆုံချင်ကြေး
တစ်ခါတစ်ရံ ဟိုး...အဝေး
အချစ်ဆိုတာ တိတ်တိတ်ကလေး ချစ်နေရတာပဲ ကောင်းတယ်...........
ပန်းကလေး..

ပန်းတစ်ပွင့်ကို တန်ဖိုးထား
ရင်ထဲမှာ မြတ်နိုးသွားခဲ့ ပေမယ့်
အပွင့်လိုလို့ အညှာချိုး
ရနံ့ကိုလည်း ငါမခိုးခဲ့ ပါဘူး..............။

ပင်ယံထက်နန်း တစ်ပွင့်ပန်း
ငါ့နှလုံးသားမှာ လန်းနေဆဲ
အိပ်မက်ထဲလည်း ငါမနမ်းရဲ ခဲ့ပါဘူး.............။

ကြည့်နေရုံ အဖြစ်
လွမ်းနေရုံ အဆင့်
လိပ်ပြာငယ်ကြောင့် အဆိပ်သင့်
မြေပြင်ပေါ်မှာ သူကြွေလွင့်
သဘာဝရဲ့ အပြစ်
ငါလည်း ရင်မနာ သင့်တော့ဘူး............။
ဘဝဆိုတာ ပုံသေနည်းမရှိဘူးတဲ့..

ဟိုလိုလို .. ဒီလိုလိုနဲ့ စပြီး
ဒီလိုလို ... ဟိုလိုလိုနဲ့
ပြီးဆုံးသွားမယ့် ဘဝ
သဘာဝမကြဘူးတဲ့.......
ဖေဖေပြောဘူးတဲ့စကား
သားရင်ထဲမှာ မှတ်ထားတယ်..........။။

ထမင်း ဘယ်ကရ
အိုးထဲက...
ပိုက်ဆံ ဘယ်ကရ
မေမေ့ဆီကလို့ ပြောခဲ့စဉ်...
ဖေဖေဖြေခဲ့ပြီး
ဘဝဆိုတာ ပုံသေနည်း မရှိဘူးတဲ့...........။။

ကောင်းကင်နဲ့ မြေကြီးကြား
လူအများ ကြားဘူးကြဦးမည်...
အရာရာ ဟူသမျှ..
လက်ဦးဆရာမှ စေတနာမှန်သည်တဲ့............။။

ကိုယ့်ဝမ်းစာ ကိုယ်ရှာစား
ဘဝဟာ ဒါလားလို့....
အနေဝေးမှ သိရချိန်
ဖေဖေပြောခဲ့တဲ့စကား
အားအင်များအဖြစ် ဖန်တီးပေး
သားဘဝ သုည(၀)လေးမဖြစ်စေရဘူး..........

.။။

ဖေဖေရေ......
ဝေးတစ်မြေ ရပ်ခြား
နာကျင်စရာများနဲ့ ကြုံလာတိုင်း
ဖေဖေရဲ့ စကား
ဒဏ်ကြေဆေး အလားမှီဝဲရင်း.....
ဘဝဟာ ပုံသေမရှိခြင်း ဆိုတာ သိလိုက်ပြီ............။။

Online


(၁)
ညခင်းက လမင်းကို ငေးကြည့်နေတာလား
ဒါမှ မဟုတ်
လမင်းက ညခင်းကို ငေးကြည့်နေတာလား
ဘာပဲဖြစ်ဖြစ်
သာယာတဲ့ မြင်ကွင်းမှာ
တူညီတဲ့ ရင်ခုန်ခြင်းတော့ ရှိရမယ်...............။

(၂)
ကြယ်တစ်ခင်းလောက်
လမင်းကို ငါတို့ မရင်းနှီးခဲ့.....
ညဉ့်ငှက်တစ်ကောင်လောက်
ညအမှောင်ကို ငါတို့ မရင်းနှီးခဲ့.....
နင်နဲ့ငါ သူငယ်ချင်း
ဒီထက်ပိုပြီး ရင်းနှီးခဲ့ ခြင်းလည်း မရှိဘူး.............။

(၃)
နွေညလယ် ခင်းက
လေပြေညှင်းကို တမ်းတတယ်....
ဆောင်း မနက်ခင်းက
မြူနှင်းကို တမ်းတတယ်......
မိုးတစ်ပွင့်ရဲ့ ကြင်နာခြင်းကို
ပန်းခင်းလေးတွေက တမ်းတတယ်.......
ငါ့ရဲ့ ရင်ခုန်ခြင်းက
နင့်ကို တမ်းတတယ်..........
ဒါပေမယ့် သူငယ်ချင်း
ငါလိုချင်တာ တမ်းတခြင်း မဟုတ်ဘူး.........။

(၄)
ပြောမထွက်တဲ့ စကားလုံးတွေက
ရင်ထဲမှာ အပြည့်.....
ပူလောင်တဲ့ နှလုံးသားထဲက
သံယောဇဉ် ဆိုတာများ အငွေ့ပျံသွားရင် ကောင်းမယ်.....
ရင်ခုန်သံ စည်းချက်နဲ့
အိပ်မက်ကို နှစ်သက်နေတဲ့သူပါ
အရာရာ ဟာ ဝေဝါးဝါး
လန့်နိုးတော့မှ သံယောဇဉ်က ခါးမှန်းသိလိုက်တယ်.............။

ဆုတောင်းမိပါသည်။


သံယောဇဉ်တဲ့လား
ကဝေတစ်ကောင်လို လှည့်စားတယ်...........။

ညညတွေမှာဆို
ဒိုင်ယာရီ စာအုပ်အိုနဲ့
ဘောပင်ကလေးတစ်ချောင်း
တီးခတ်နေဆဲ ဂစ်တာဟောင်းတစ်လုံး
ငါ့ကိုကြည့်ပြီး လှောင်ပြုံနေလေရဲ့...............။

နေ့ဘက်တွေ မှာဆို
သံသယ မျက်လုံးတွေအနား
လူသားတွေရဲ့ ကြားထဲ
ငါ နေတတ်အောင်လဲ နေပေးရဲတယ်............။
 
ရင်ထဲက ခံစားသမျှဟာ
ကဗျာဆိုရင်
နင်ဟာ ကဗျာ တစ်ပုဒ်အဖြစ်
ငါ့နှလုံးသားမှာ ကျန်ရစ်ပါစေ
ဘယ်သောအခါမှ မမေ့စေဘူး..............။
 
အခုတော့.........
ငါချစ်ခဲ့တဲ့ ကဗျာ
ငါလိုချင်တဲ့ ဖြူစင်မှု
ငါကိုယ်တိုင် ဥပက္ခာ ပြုလိုက်ရင်း
သံယောဇဉ်ရဲ့ ချည်နှောင်ခြင်းမှ
လွတ်ကင်းပါရစေ..............။
                                                      
                                                         သူငယ်ချင်တွေအားလုံး ပျော်ရွှင်ပါစေဗျာ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့