Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 29 September 2012

မြန်မာ-ဂျပန် စီးပွားရေး လုပ်ငန်းရှင်များ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန် တွေ့ဆုံခဲ့


UMFCCI နဲ့ ဂျပန်နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းပြီး နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ အကြား ရင်းနှီး မြှုပ်နှံမှုများ
အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင် ရန်အတွက် ၉ ကြိမ်မြောက် မြန်မာ-ဂျပန် ကုန်သည် စက်မှု အသင်းများ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ကော်မတီ ပူးတွဲ အစည်းအဝေးကို စက်တင်ဘာလ ၂၈ ရက်နေ့က Sedona Hotel မှာ ကျင်းပပြုလုပ် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အစည်းအဝေးကို မြန်မာ-ဂျပန် စီးပွားရေး လုပ်ငန်းရှင်များ အကြား စီးပွားရေး လုပ်ငန်းများ ပိုမိုတိုးမြှင့် ဆောင်ရွက် နိုင်ရေး အတွက် နှစ်နိုင်ငံ နှစ်ဖက် လုပ်ငန်းများ အလိုက် တွေ့ဆုံ ဆွေးနွေး နိုင်ရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ အစည်းအဝေးကို တက်ရောက် လိုတဲ့ မြန်မာ လုပ်ငန်းရှင် များအနေနဲ့ UMFCCI ကို တက်ရောက်ခွင့် ၀င်ကြေး ဒေါ်လာ ၁၀၀ ပေးသွင်း ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပူးတွဲ အစည်းအဝေး မှာတော့ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် များဟာ ဂျပန် စီးပွားရေး လုပ်ငန်းရှင်များနဲ့ စီးပွားရေး လုပ်ငန်းများ အလိုက် တစ်ဦးချင်းနဲ့ အဖွဲ့လိုက် တွေ့ဆုံမှုများ ဆောင်ရွက်ပြီး နှစ်ဦးနှစ်ဖက် ရေရှည် အကျိုးစီးပွား အတွက် အသေးစိတ် ညှိနှိုင်းမှုတွေ ဆောင်ရွက်လျက် ရှိတာ ဖြစ်ပါတယ်။ အဆိုပါ အခမ်းအနား မှာတော့ ပြည်တွင်းမှ လုပ်ငန်းရှင် ၁၂၀ ဦးနဲ့ ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် ၁၀၀ ဦးတို့ တွေ့ဆုံ ဆွေးနွေးခဲ့ ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့