Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 29 September 2012

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ပိုင်ခွင့် ရရှိသူများ လေးနှစ်အတွင်း လုပ်ငန်း ပြီးစီးအောင် လုပ်ကိုင်ရမည်


လယ်ယာမြေ နည်းဥပဒေ များနဲ့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေ မှာပါဝင်တဲ့ အခန်း ၅ အပိုဒ် ၄၅ အရ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်း
များကို လုပ်ကိုင်ခွင့်နဲ့ အသုံးပြု ခွင့်ရရှိထားတဲ့ သူများဟာ လုပ်ပိုင်ခွင့် ရရှိတဲ့ မြေလွတ်နဲ့ မြေရိုင်း များကို စတင် လုပ်ကိုင် ခွင့်ပြုတဲ့ နေ့မှ စတင်ကာ လေးနှစ် အတွင်း လုပ်ငန်း ပြီးစီးအောင် ဖော်ထုတ် လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို လုပ်ကိုင်ရာမှာ ပထမနှစ်မှာ ၁၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်မှာ ၃၀ ရာခိုင်နှုန်း၊ တတိယနှစ်မှာ ၃၀ ရာခိုင်နှုန်းနဲ့ စတုတ္ထနှစ်မှာ ၂၅ ရာခိုင်နှုန်းဖြင့် ရာခိုင်နှုန်းပြည့် လုပ်ငန်း ပြီးစီးအောင် ဖော်ထုတ် လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျေးလက်ဒေသ တောင်သူ လယ်သမားနဲ့ မိသားစု တစ်နိုင် တစ်ပိုင် စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ ဖြစ်ပါက ၂ နှစ်အတွင်း တစ်ကြိမ်ကို ခွင့်ပြုထားတဲ့ ဧရိယာမှာ လုပ်ငန်းများ ပြီးစီးအောင် ဖော်ထုတ် စိုက်ပျိုး လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို လုပ်ကိုင်ရာမှာ ခွင့်ပြုထားတဲ့ လုပ်ငန်း အမျိုးအစားနဲ့ အဆိုပါ လုပ်ငန်းနဲ့ ဆက်နွယ်တဲ့ စီးပွားရေး လုပ်ငန်းကိုသာ လုပ်ကိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒီလို လုပ်ပိုင်ခွင့် ရရှိထားတဲ့ မြေလွတ်မြေရိုင်း များမှာ မြေပေါ် မြေအောက်ရှိ အခြားသယံ ဇာတ ပစ္စည်းများကို ထုတ်ဖော်ခြင်း၊ တူးဖော်ခြင်းများ ကိုတော့ မပြုလုပ်ဖို့ တားမြစ် ထားတာပဲ ဖြစ်ပါတယ်။

ဒီလို ဆောင်ရွက်ရာ မှာတော့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ မပြဋ္ဌာန်း မီက မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ လုပ်ပိုင်ခွင့်နဲ့ အသုံးပြုခွင့် ရရှိထားသူဟာ မူလခွင့်ပြု ကာလ အတွင်း သတ်မှတ် ထားတဲ့ စည်းကမ်းချက် များနဲ့အညီ လုပ်ငန်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဆိုပါ သတ်မှတ် ထားတဲ့ စည်းကမ်းချက် များနဲ့အညီ လုပ်ငန်း ဆောင်ရွက်ဖို့ ပျက်ကွက်ခြင်း၊ ဒါမှမဟုတ် စည်းကမ်းချက်ကို ချိုးဖောက်တဲ့ အခါ တင်သွင်းထားတဲ့ အာမခံကြေးကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ခံရမှာ ဖြစ်တဲ့အပြင် အဲ့ဒီလို လုပ်ပိုင်ခွင့် ရထားတဲ့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ ပေါ်မှာ လုပ်ပိုင်ခွင့်နဲ့ အသုံးပြု ခွင့်များ ကိုလည်း ပြန်လည် ရုတ်သိမ်းခြင်း ခံရမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့