Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 29 September 2012

ခွေးများကို ခွေးရူး ကာကွယ်ဆေး အခမဲ့ ထိုးပေး


စက်တင်ဘာလ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်ရေး နေ့မှာ ပြည်တွင်းရှိ တိုင်းဒေသကြီးနဲ့ ပြည်နယ်များရှိ ခွေးများကို မွေးမြူရေးနှင့်
ရေလုပ်ငန်း ၀န်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနဲ့ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကု ဆရာဝန်များ အသင်းတို့ ပူးပေါင်းပြီး ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုး ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ ရန်ကုန်တိုင်း ဒေသကြီး မှာလည်း အင်းစိန် မြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ တိရစ္ဆာန် ဆေးကုခန်းမှာ ခွေးများကို အခမဲ့ ကာကွယ်ဆေးများ ထိုးပေးခဲ့တာဖြစ် တယ်လို့ သိရပါတယ်။

လက်ရှိ ပြည်တွင်းမှာ ခွေးရူးရောဂါ ဖြစ်ပွားတဲ့ ခွေးအကောင်ရေဟာ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိတာ ဖြစ်ပါတယ်။ အဆိုပါ ခွေးရူးရောဂါ ပိုးဟာ လင်းနို့များမှ တစ်ဆင့် ကူးစက်ခံ ရနိုင်ပြီး အဆိုပါ ခွေးရူး ရောဂါပိုး စတင် ပေါ်ပေါက်မှု အရင်းအမြစ်ကို အတိအကျ ပြောဖို့ ခက်ခဲတာကြောင့် ခွေးမွေးထား သူတိုင်း ခွေးရူး ကာကွယ်ဆေးကို ကြိုတင် ထိုးထား သင့်တယ်လို့ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒါ့အပြင် ကမ္ဘာ့ခွေးရူး ရောဂါ ကာကွယ်ရေး နေ့မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးရှိ ခွေးကောင်ရေ ငါးထောင် ကျော်ကို ခွေးရူးရောဂါ ကာကွယ် ဆေးများ အခမဲ့ ထိုးပေးခဲ့ တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့