Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 28 September 2012

စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ကို လူထောင်နှင့်ချီဝိုင်းရံထား


ယနေ့မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ဝန်းကျင်မှစတင်ကာ ထောင်နှင့်ချီသည့် စစ်တွေမြို့ခံများက စစ်တွေမြို့ရှိ တခုထည်းသော အစ္စလာမ် ဘာသာဝင်များ နေထိုင်ရာ အောင်မင်္ဂလာရပ်ကွက် (မော့လိပ်) ကို လေးဘက် လေးတန်မှ ၀ိုင်းရံထားသည်ဟု စစ်တွေမှ ရရှိသည့် သတင်းတရပ်အရ သိရသည်။

ယင်းသို့သော အခြေအနေကြောင့် ရပ်ကွက်အား စစ်တပ်နှင့် ရဲလုံထိန်းများချထားကာ လုံခြုံရေး အရကာကွယ်ပေးထားကြောင်းလည်း သိရှိရသည်။

စစ်တွေ မြို့ခံတဦး၏ ခန့်မှန်းချက်အရဆိုလျင် လူအုပ်အရေအတွက်မှာ အရပ်မျက်နှာ ၁ ဘက်လျင် ၁ ထောင်ဝန်းကျင်ခန့်ရှိသည်ဟု သိရှိရသည်။ အရေအတွက်နှင့်ပတ်သက်၍ သီးခြား အတည်ပြုချက် မရသေးပါ။

Yangon Press International


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့