Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 20 October 2012

မန္တလေးမြို့ ဈေးချိုတော် ၀န်းကျင်ရှိ ကြော်ငြာ ဆိုင်းဘုတ်ကြီးများအား ခေတ္တဖြုတ်သိမ်း


မန္တလေး မြို့တော်ရှိ ဈေးချိုတော် ၀န်းကျင်ရှိ ကြော်ငြာ ဆိုင်းဘုတ်ကြီး များကို အရွယ်တူဆိုင်း ဘုတ်များ အဖြစ် ပြောင်းလဲဖို့ အတွက် ခေတ္တဖြုတ်သိမ်း
ခိုင်းထားတယ်လို့ မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ အဆောက်အအုံ ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို ခေတ္တဖြုတ်သိမ်း ရတာဟာ အဆိုပါ ဈေးချိုတော် ၀န်းကျင်ရှိ ကြော်ငြာ ဆိုင်းဘုတ် များဟာ ဈေးချိုတော် မြင်ကွင်း ကွယ်ပျောက်မှု များရှိခြင်း၊ သဘာဝ ဘေးဒဏ်များ ဖြစ်ပွားတဲ့အခါ ဈေးဝယ် လာသူများ အန္တရာယ် ဖြစ်စေနိုင်ခြင်း တို့ကြောင့် ဖြစ်ပါတယ်။

ယခင်က အဆိုပါ ဈေးချိုတော် ၀န်းကျင်မှာ အရွယ်အစား မျိုးစုံ ကြော်ငြာ ဆိုင်းဘုတ် ၄၇ ခုရှိတာ ဖြစ်ပြီး အဆိုပါ ဆိုင်းဘုတ် အားလုံးကို ဖြုတ်သိမ်း ထားတာ ဖြစ်ပါတယ်။ ဒီလို ဖြုတ်သိမ်း ထားပြီး မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ အဆောက်အအုံ ဌာန အနေနဲ့ အရွယ်တူ အမြင့်တူတဲ့ အနံ ၆ ပေ အမြင့် ၁၀ ပေ အရွယ်ရှိ ကြော်ငြာ ဆိုင်းဘုတ် များကို ပြန်လည် စိုက်ထူ ခွင့်ပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြန်လည် စိုက်ထူ ခွင့်ပေးရာမှာ ယခု အောက်တိုဘာ လကို ပြင်ဆင်ချိန် သတ်မှတ်ထား တာကြောင့် လတ်တလောမှာ အခမဲ့ စိုက်ထူခွင့် ပေးထား ပါတယ်။ နောက်ပိုင်း မှာတော့ မြို့တော် စည်ပင်သာယာလမ်း ဧရိယာထဲမှာ ဖြစ်တဲ့အတွက် ကြော်ငြာဘုတ် စတုရန်းပေ တစ်ပေကို တစ်နှစ်စာ ငှားရမ်းခ ကျပ်ငါးထောင် သတ်မှတ် ကောက်ခံ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့