Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 23 October 2012

အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများကို အသင်း ထူထောင်ရန် တိုက်တွန်း


ပြည်တွင်းက အလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများကို အသင်းတစ်ခု ထူထောင်ဖို့ တိုက်တွန်းလျက် ရှိပါတယ်။ ဒီလို တိုက်တွန်းမှု
ကိုတော့ အောက်တိုဘာလ ၂၂ ရက်နေ့က ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှ အလုပ်သမား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ အသင်း ၁ ခု ထူထောင်ပြီးပါက အဆိုပါ အသင်းမှ လုပ်သား ကိစ္စနဲ့ စစ်ဆေးမှုများ တာဝန်ယူ ဆောင်ရွက်ပြီး ထောက်ခံချက်များ ထုတ်ပေးပါက အစိုးရရဲ့ ပါဝင်မှု အခန်းကဏ္ဍ ဟာလည်း လျော့ကျ သွားမှာ ဖြစ်တယ်လို့  သိရပါတယ်။

အခုလက်ရှိ မြန်မာရွှေ့ပြောင်း လုပ်သား အရေအတွက်မှာ လူဦးရေ ၂ သန်းခွဲမှ ၃ သန်းကြား ရှိနေတယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက် လျက်ရှိရာမှာ ထိုင်းနိုင်ငံနဲ့ ကိုရီးယား နိုင်ငံများသို့ အလုပ်သမား စေလွှတ်ခြင်း ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်းနဲ့ အလုပ်သမား သံအရာရှိ များကို တာဝန်ပေး ထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ပိုင်း မှာလည်း ပြည်တွင်းက လုပ်သားများ အလုပ်သွားရောက် လုပ်ကိုင်မှု များတဲ့ နိုင်ငံများ မှာလည်း အလုပ်သမား သံအရာရှိများ ထပ်မံထား ရှိသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်သမား ၀န်ကြီးဌာန အနေနဲ့ ပြည်တွင်းမှ ပြည်ပကို အလုပ် သွားရောက် လုပ်ကိုင်မယ့် အလုပ်သမားများ အပေါ် ဖြေလျော့မှုများ ဆောင်ရွက်ပေး သွားမှာ ဖြစ်တယ် သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့