Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 23 October 2012

ကုန်းလမ်း ပို့ဆောင်ရေး လုပ်ငန်းများတွင် အများပိုင် ကုမ္ပဏီဖွဲ့စည်း သွားရန်ရှိ


ပြောင်းလဲ လာတဲ့ နိုင်ငံတော်ရဲ့ စီးပွားရေး စနစ်အရ Management ပြောင်းလဲပြီး ကုန်းလမ်း ပို့ဆောင်ရေး လုပ်ငန်းများကို Joint Venture မှတဆင့်
အများပိုင် ကုမ္ပဏီ အဖြစ် ဖွဲ့စည်းသွားမှာ ဖြစ်တယ်လို့ ကုန်းလမ်း ပို့ဆောင်ရေး ရန်ကုန်တိုင်း ဒေသကြီးရုံးမှ တာဝန်ရှိသူ  တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ဒီလို ဆောင်ရွက် နိုင်ဖို့အတွက် ပြည်တွင်းရှိ ကုမ္ပဏီ ၃ ခုနဲ့လည်း အောက်ခြေ အဆင့် သဘောတူ ဆွေးနွေးမှုများ ပြုလုပ်ထား လျက်ရှိပြီး အဆိုပါ ကုမ္ပဏီများရဲ့ အမည်များကို လက်ရှိမှာ ထုတ်ပြန်ခြင်း မရှိသေးဘူး လို့လည်း သိရပါတယ်။

အဆိုပါ ကုမ္ပဏီများနဲ့ ပူးပေါင်း ဆောင်ရွက် ရခြင်းဟာ ငွေအရင်းအနှီး၊ ယာဉ်၊ နည်းပညာနဲ့ အရင်းအနှီး လိုအပ်နေတာ ဖြစ်ပြီး ပို့ဆောင်ရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက် သွားနိုင်ဖို့ အတွက် ဆောင်ရွက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံမှ ကားကုမ္ပဏီ တစ်ခုနဲ့လည်း ကုန်းလမ်း ပို့ဆောင်ရေး လုပ်ငန်းများ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ဖို့ စီစဉ်ထား လျက်ရှိပြီး ယခု ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ လမကုန်မီ ယာဉ်အစီးရေ ၃၅၀ ကို တင်သွင်း သွားမှာ ဖြစ်ပါတယ်။ အဲဒီ့လို တင်သွင်းမယ့် City Bus, High Way Bus, Taxi နဲ့  Truck ကားများကို ပြည်တွင်းမှာ ပြေးဆွဲ သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီလို တင်သွင်း လာမယ့် ပြေးဆွဲရာ မှာတော့ မြို့တွင်းမှာ City Bus ၅၀ စီးအား ယာဉ်လိုင်း ၁ လိုင်းအဖြစ် ပြေးဆွဲ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့