Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 22 October 2012

နိုင်ငံတော် သမ္မတနှင့် ပြည်တွင်း မီဒီယာများ တွေ့ဆုံမှု ကျင်းပပြုလုပ်ခဲ့


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတကြီးနှင့် ပြည်တွင်းရှိ သတင်း မီဒီယာ များအကြား တွေ့ဆုံမှုကို အောက်တိုဘာလ ၂၁
ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သံတမန် ဆောင်မှာ ကျင်းပပြုလုပ်ခဲ့ ပါတယ်။ အဆိုပါ တွေ့ဆုံမှုကို အောက်တိုဘာလ ၂၁ ရက်နေ့ နေ့လည် ၂ နာရီမှ ကျင်းပ ခဲ့တာဖြစ်ပြီး တွေ့ဆုံပွဲ မှာတော့ နိုင်ငံတော် သမ္မတကြီးမှ ပထမဆုံး နှုတ်ခွန်းဆက် စကား ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက် မှာတော့ ပြည်တွင်းရှိ သတင်း မီဒီယာ များကို အလှည့်ကျ စနစ်နဲ့ သိရှိလိုတဲ့ အချက်အလက်ကို သမ္မတကြီးက မေးမြန်း ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ မေးမြန်းမှုတွေ မှာတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော် သမ္မတကြီးရဲ့ ပြည်ပ ခရီးစဉ်များ၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စရပ်များ၊ ပြည်တွင်းမှာ ဖြစ်ပေါ် လျက်ရှိတဲ့ လယ်ယာမြေ အသိမ်းခံရမှု ကိစ္စရပ်များ အပါအ၀င် ကိစ္စရပ် အများအပြားကို သတင်း မီဒီယာများမှ မေးမြန်းခဲ့ပြီး သမ္မတကြီးမှ ပြန်လည် ဖြေကြား ခဲ့တာ ဖြစ်ပါတယ်။

ယခုလို သမ္မတကြီးမှ ပြည်တွင်း မီဒီယာများနှင့် တွေ့ဆုံမှု ဟာတော့ သမ္မတကြီးမှ ပြည်ပ ခရီးစဉ်များ သွားထားမှုတွေ ရှိသလို ပြည်တွင်း မီဒီယာများ နှင့်လည်း မတွေ့ဖြစ်တဲ့ အတွက် ယခုလို တွေ့ဆုံတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒ့ါအပြင် သမ္မတကြီး အနေနဲ့ မီဒီယာများကို အစိုးရရဲ့ မျက်စိ၊ နားအဖြစ် ခံယူထားပြီး အစိုးရရဲ့ လုပ်ဆောင်ချက် တွေကို ပြည်သူများ သိရှိစေဖို့နဲ့ ပြည်သူများရဲ့ သဘောထား သတင်း မီဒီယာတွေရဲ့ သဘောထားကို သက်ဆိုင်ရာမှာ သိရှိစေဖို့ ရည်ရွယ် ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ တွေ့ဆုံပွဲ ကိုတော့ သမ္မတရုံး ၀န်ကြီးဌာနမှ ပြည်ထောင်စု ၀န်ကြီးများ၊ ပြန်ကြားရေး ၀န်ကြီးဌာနမှ ပြည်ထောင်စု ၀န်ကြီးနှင့် တာဝန်ရှိသူများ၊ သတင်းမီဒီယာ ၅၀ ကျော်မှ တာဝန်ရှိ ပုဂ္ဂိုလ် ၁၃၀ ကျော် တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့