Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 22 October 2012

၂၀၁၂ ခုနှစ် ရှုခင်းစုံစုံငွေဆောင်ဇုန် ဓာတ်ပုံပြပွဲတွင် ယမန်နှစ်ထက် ၀င်ရောက် ယှဉ်ပြိုင်သူ ပိုမိုများပြားလာ


မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း ငွေဆောင်ဇုန်မှ ကြီးမှူး ကျင်းပတဲ့ ရှုခင်း စုံစုံငွေဆောင်ဇုန် ဓာတ်ပုံ ပြိုင်ပွဲမှာ ၂၀၁၁ ခုနှစ်ကထက်
လာရောက် ယှဉ်ပြိုင်သူမှာ ၂၀၁၂ ခုနှစ်မှာ ပိုမိုများပြား လာပြီး ၂၀၁၂ ခုနှစ်မှာ လာရောက် ယှဉ်ပြိုင်သူ ၂၄၀ နီးပါး ရှိတယ်လို့ အောက်တိုဘာလ ၂၀ ရက်နေ့က ဒဂုံစင်တာ II မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဓာတ်ပုံပြိုင်ပွဲ ဆုပေးပွဲမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

အဆိုပါ ဓာတ်ပုံပြိုင်ပွဲမှာ ငွေဆောင် ကမ်းခြေပုံများ၊ ငွေဆောင် ကမ်းခြေမှ နေ့ချင်းပြန် ခရီးသွား လို့ရတဲ့ ဒေသများ၊ အနီးရှိ ရွာများမှာ ရိုက်ထားတဲ့ ပုံများ ၀င်ရောက် ယှဉ်ပြိုင် နိုင်တာ ဖြစ်ပါတယ်။ အဲ့ဒီဓာတ်ပုံ ပြိုင်ပွဲမှာ ၁ နှစ်အတွင်း ရိုက်ကူး ထားတဲ့ ဓာတ်ပုံများ ကိုယ်တိုင် ရိုက်ကူးထားတဲ့ ပုံများ၊ ၁၂ လက်မ၊ ၁၈ လက်မဆိုဒ်နဲ့ ဓာတ်ပုံပြိုင်ပွဲ များမှာ ပါဝင်တဲ့ စည်းကမ်းများ အတိုင်းကို ပေးပို့ပြိုင်ပွဲ ၀င်နိုင်တာ ဖြစ်ပါတယ်။ အဲ့ဒီဓာတ်ပုံ ပြိုင်ပွဲကို ၂၀၀၉ ခုနှစ်က စတင်ပြီး ကျင်းပပြုလုပ် ခဲ့တာဖြစ်ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနဲ့ နှစ်သိမ့်ဆု ၁၀ ဆုကို  ပေးအပ် ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့ပြင် ယခုနှစ်မှာ လာရောက် ယှဉ်ပြိင်တဲ့ ဓာတ်ပုံများမှာ ယခင်ကထက် ပိုမိုပြီး အရည်အသွေး ကောင်းမွန် လာတာ ဖြစ်ပါတယ်။ အဆိုပါ ဆုရရှိတဲ့ ဓာတ်ပုံများ ကိုတော့ ငွေဆောင်ဇုန်နဲ့ ပတ်သက်တဲ့ ကြော်ငြာများ၊ Expo များ Show များ ဓာတ်ပုံများ ဝေပေးခြင်း၊ အင်တာနက်မှာ ငွေဆောင်နဲ့ ပတ်သက်တဲ့ ၀က်ဘ်ဆိုက်မှာ တင်ပေးခြင်း၊ ပြက္ခဒိန်ထုတ်ခြင်း၊ ပို့စကတ် ထုတ်ခြင်း အစရှိတဲ့ နေရာများမှာ အသုံးပြု သွားမှာ ဖြစ်ပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့