Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 22 October 2012

မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သရုပ်ပြသမှုများအား ကြည့်ရှု စစ်ဆေးခဲ့


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်ဟာ ရန်ကုန်တိုင်း ဒေသကြီး
မီးသတ် ဦးစီးဌာနရှိ တပ်ဖွဲ့ဝင် များနဲ့ တွေ့ဆုံခြင်းနဲ့ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေး သရုပ်ပြသမှုများ ကြည့်ရှု စစ်ဆေးမှုကို အောက်တိုဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ်ရှိ မီးသတ် ဦးစီးဌာန ရုံးချုပ်မှာ ပြုလုပ်ခဲ့ ပါတယ်။

အဆိုပါ အခမ်းအနားမှာ ပြည်ထောင်စု ၀န်ကြီးမှ မီးသတ် တပ်ဖွဲ့ ဆိုတာဟာ ပြည်သူလူထုရဲ့ အကျိုး စီးပွားကို ကာကွယ်ရန်၊ ပြည်သူလူထုအား ကူညီစောင့်ရှောက်ရန်၊ ပြည်သူလူထုရဲ့ ကိုယ်စိတ် ၂ ပါး ချမ်းသာမှု ရအောင် လုပ်ဆောင်ပေးနေတဲ့ တပ်ဖွဲ့ ဖြစ်သည်မှာ ထင်ရှား ပေါ်လွင်ကြောင်း၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ဝင်များဟာ နိုင်ငံ တစ်ဝန်းလုံးမှာ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ အကျိုးကို ဆောင်ရွက်နေ ကြကြောင်းနဲ့ ပြည်သူတွေ အတွက် မွန်မြတ်တဲ့ စိတ်ထားနဲ့ ပြည်သူ့ အကျိုးစီးပွားကို ရှေးရှု ဆောင်ရွက် သွားကြရန် လမ်းညွှန် အမှာစကား ပြောကြား ခဲ့ပါတယ်။

အဲ့ဒီနောက် မှာတော့ မီးသတ် ဦးစီးဌာန ရုံးချုပ်ရှိ မီးငြိမ်းသတ်ရေး ကွပ်ကွဲမှု Command & Control Center ကို ကြည့်ရှု စစ်ဆေး ပါတယ်။ ဒါ့အပြင် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းသုံး ပစ္စည်းများနဲ့ လက်တွေ့ သရုပ်ပြသမှု၊ မီးသတ် ယာဉ်များနဲ့ လက်တွေ့ မီးငြိမ်းသတ် သရုပ်ပြသမှုနဲ့ မီးသတ် ယာဉ်များရဲ့ စွမ်းရည် ပြသမှုများ ကိုလည်း ကြည့်ရှု စစ်ဆေးခဲ့ တယ်လို့ သိရပါတယ်။ အဆိုပါ အခမ်းအနား ကိုတော့ မီးသတ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ အရာရှိများ၊ ရန်ကုန် တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှူး၊ မီးသတ် ဦးစီးဌာန ရုံးချုပ်မှ အရာရှိများ တက်ရောက်ခဲ့ကြ တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့