Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 17 October 2012

***** အချစ်တစ်ခုတည်း *****

***** အချစ်တစ်ခုတည်း *****

 ပန်းကလေး တစ်ပွင့်ကြောင့်
ကမ္ဘာကြီးတစ်ခုလုံး
မမွှေးနိုင်ပါဘူး.......
ချစ်သူ
နှင်းကလေး တစ်စက်ကြောင့်
ကမ္ဘာကြီးတစ်ခုလုံး
မအေးမြ နိုင်ပါဘူး
ချစ်သူ
ပိုးစုန်းကြူးလေးရဲ့
အလင်းရောင်ကြောင့်
ကမ္ဘာကြီးတစ်ခုလုံး
မထွန်းလင်း စေနိုင်ပါဘူး
ချစ်သူ.......
လောကကြီးမှာ ဘယ်အရာမှ
တစ်ခုတည်းနဲ့ မပြည့်စုံနိုင်ပေမယ့်
ငယ့်အတွက်တော့
နင့်ရဲ့
အချစ်တစ်ခုတည်းနဲ့
ငယ့်ဘဝ
ပြည့်စုံနိုင်ပါတယ် ချစ်သူရယ်...... ။ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့