Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 18 October 2012

ဒီဇင်ဘာလ အတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီညီလာခံ ကျင်းပရန် လျာထား


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ ပါတီ ညီလာခံကို လာမယ့် ဒီဇင်ဘာလမှာ ကျင်းပသွားဖို့ လျာထားတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ
တာဝန်ရှိသူရဲ့ ပြောပြချက်အရ သိရပါတယ်။ အခုလို ကျင်းပနိုင်ဖို့ အတွက် ညီလာခံ ကျင်းပရေး စီမံချက် ရှင်းလင်းပွဲကို အောက်တိုဘာလ ၁၇ ရက်နေ့ က ရွှေဂုံတိုင် လမ်းပေါ်ရှိ တော်ဝင် နှင်းဆီမှာ ကျင်းပခဲ့ ပါတယ်။ အဆိုပါ ပြုလုပ်ခဲ့တဲ့ ညီလာခံ ကျင်းပရေး စီမံချက် ရှင်းလင်းပွဲမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်း မှာရှိတဲ့ ပါတီ ကော်မရှင်ဝင်များကို စုစည်းပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ညီလာခံက ကြီးမှူးပြီး ရှင်းလင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

အခုလို ရှင်းလင်း ပြောပြမှု အပြင် အဖွဲ့ဝင် တွေစီက သိရှိလိုတာ တွေကိုလည်း ပြန်လည် ဖြေကြားပေး ခဲ့သလို လက်ရှိမှာ ပါတီ ညီလာခံ ကျင်းပဖို့ အတွက် ရန်ပုံငွေ လိုအပ်မှု ရှိနေပြီး  အသေးစိတ် ညှိနှိုင်းမှုတွေ ဆက်လက် ပြုလုပ်ကာ ထုတ်ပြန် ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ လုပ်ငန်းစဉ် တွေကို ညှိနှိုင်းပြီး အကောင်းဆုံး လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ သိက္ခာရှိစွာ လုပ်ဆောင် သွားဖို့ ကိုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟို ညီလာခံ ကော်မရှင် သဘာပတိ တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်မှ တိုက်တွန်း ပြောကြား ခဲ့ပါတယ်။ အခုလို ပြုလုပ်ခဲ့တဲ့ ညီလာခံ ကျင်းပရေး စီမံချက် ရှင်းလင်းပွဲ ကတော့ ရန်ကုန်တိုင်း ဒေသကြီး အတွင်း မှာရှိတဲ့ ၄၃ မြို့နယ်မှ ပါတီ ကော်မရှင်ဝင်များ တက်ရောက်ခဲ့ ကြတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့