Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 21 September 2012

မ.ထ.သ ဗဟို အထူးစစ် အဖွဲ့များဖြင့် တစ်ပတ်လျှင် ၂ ကြိမ် စစ်ဆေး သွားမည်


ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟို ကော်မတီမှ ယာဉ်မတော်တဆမှု လျော့နည်း ကျဆင်း စေရေးနဲ့
ယာဉ်ကြော ပိတ်ဆို့မှုများ လျော့နည်း စေရေး အတွက် ရည်ရွယ်ပြီး အထူးစစ် အဖွဲ့နဲ့ တစ်ပတ်ကို တစ်ကြိမ် လမ်းကြောင်း ၈ ကြောင်းမှာ  စစ်ဆေးမှုများ ပြုလုပ်ခဲ့ ပါတယ်။ ယခုအခါ အဆိုပါ စစ်ဆေးမှုမျိုးကို တစ်ပတ်ကို နှစ်ကြိမ် တိုးချဲ့ကာ အထူးစစ် အဖွဲ့များနဲ့ စစ်ဆေးနိုင်ဖို့ စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။

ဒီလို လိုက်လံ စစ်ဆေးရာမှာ ယာဉ်လိုင်း ပေါင်းစုံမှ တာဝန်ရှိ သူများနဲ့ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ ပါဝင်မှာ ဖြစ်ပြီး စည်းစနစ်တကျ မရှိတဲ့ ယာဉ်လိုင်း များနဲ့ သတ်မှတ်ချက် မပြည့်စုံတဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် များကို ထိထိရောက်ရောက် အရေးယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၁ ရက်နေ့မှ ၁၈ ရက်နေ့ အထိ မ.ထ.သ ဗဟိုရဲ့ စီမံမှု အောက်မှာ ရှိတဲ့ ယာဉ်လိုင်းများမှ ယာဉ်တိုက်မှု ၁၃ မှု ဖြစ်ပွားခဲ့ရာ ၅ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို လိုက်လံ ကြပ်မတ် စစ်ဆေးမှုများ ပြုလုပ်တဲ့ အတွက် ယာဉ်တိုက်မှုတွေ ဟာလည်း လျော့နည်း ကျဆင်း လာနေတာ ဖြစ်ပြီး ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ မိမိကိုယ်မိမိ တန်ဖိုး ထား နေထိုင်တတ် စေဖို့နဲ့ အရက်နဲ့ ယာဉ်မောင်းခြင်း၊ အရှိန်ပြင်းပြင်း မောင်းနှင်ခြင်း၊ ယာဉ်မောင်း နေစဉ် စိတ်ပျံ့လွင့် မောင်းနှင်ခြင်းနဲ့ ယာဉ်မောင်း ပင်ပန်း နွမ်းနယ်ခြင်း အစရှိတဲ့ အကြောင်းအရာများကို ဆွေးနွေး ပို့ချပေးလျက် ရှိတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့