Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 21 September 2012

နိုင်ငံတော် ဗဟိုဘဏ်နှင့် United Oversea Bank တို့ ပူးပေါင်း၍ အသေးစား၊ အလတ်စား လုပ်ငန်းများအကြောင်း ဆွေးနွေးခဲ့


မြန်မာနိုင်ငံတော် ဗဟိုဘဏ်နဲ့ စင်္ကာပူ နိုင်ငံမှ မြန်မာနိုင်ငံမှာ ကိုယ်စားလှယ် ရုံးခွဲ လာရောက် ဖွင့်လှစ်ထားတဲ့ United Oversea Bank (UOB) တို့နဲ့
ပူးပေါင်းပြီး SME Banking နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့က Park Royal Hotel မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ SME လုပ်ငန်းကဏ္ဍများ အကြောင်း၊ အလတ်စား လုပ်ငန်းများ အတွက် အကြီးစား စီးပွားဖြစ် ဘဏ်လုပ်ငန်းများ အကြောင်း ၊အသေးစား လုပ်ငန်းများ အတွက် စီးပွားဖြစ် ဘဏ်လုပ်ငန်းများ အကြောင်း၊ SME ငွေချေးခြင်း ဆိုင်ရာ သတိထား ရမယ့် အကြောင်း အချက်များ စတဲ့ အကြာင်းအရာများကို ဆွေးနွေးခဲ့ ကြပါတယ်။

ဒါ့အပြင် United Oversea Bank ဘဏ်မှ SME လုပ်ငန်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံများ၊ အသိပညာ ဗဟုသုတများ၊ SME ဘဏ်လုပ်ငန်းမှာ ထိရောက်တဲ့ စည်းမျဉ်း ဥပဒေများ ပြဋ္ဌာန်းခြင်း စတဲ့ အကြောင်းအရာ များကိုပါ ဆွေးနွေး သွားခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ SME လုပ်ငန်းများဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိက အခန်းကဏ္ဍမှာ ပါဝင်နေပြီး SME လုပ်ငန်းများ တိုးချဲ့ခြင်းမှ လုပ်ငန်းများနဲ့ ထုတ်လုပ်မှုများ တိုးတက် လာနိုင်တယ်လို့ သိရပါတယ်။ ယခုအချိန်မှာ ပြည်တွင်းရဲ့ SME လုပ်ငန်းများဟာ ဘဏ္ဍာရေး၊ ကုန်ကြမ်းပစ္စည်း၊ နည်းပညာများ၊ နည်းဥပဒေ ဆိုင်ရာ အကြပ်အတည်းများနဲ့ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အနေအထားမှာ ရှိပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်တဲ့ အပြင် စက်မှုကဏ္ဍရဲ့ ၉၀ ရာခိုင်နှုန်း နီးပါးမှာ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖြစ်တဲ့ မြန်မာနိုင်ငံမှာ SME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှုဟာ အဓိက ပါဝင်နေတာ ဖြစ်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့