ယခု ၂၀၁၂ ခုနှစ်မှာ Printer များဟာ ၂၁ ရာခိုင်နှုန်း ရောင်းအား ကောင်းလာတာ ဖြစ်တယ်လို့ EPSON Printer စာနယ်ဇင်း ရှင်းလင်းပွဲမှ တာဝန်ရှိသူ
တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ ဒီလို ရောင်းအား ကောင်းလာတဲ့ Printer များအနက် ယခုဈေးကွက် အတွင်း စတင်ရောက်ရှိ လာတော့မှာ ဖြစ်တဲ့ EPSON L-Series Printer စာနယ်ဇင်း မိတ်ဆက်ပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ရှိ Chatrium Hotel မှာ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ Printer များကို ထုတ်လုပ်ရ တာဟာ ပြည်သူများ အတွက် ဈေးနှုန်း သက်သာပြီး အချိန်ကုန်၊ လူပင်ပန်း သက်သာစေဖို့ အတွက် ရည်ရွယ်တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Printer များကိုတော့ ရုံးလုပ်ငန်းများ၊ စာစီစာရိုက် လုပ်ငန်းများနဲ့ ဆေးရုံများ အစရှိတဲ့ လုပ်ငန်းတွေမှာ အသုံးများလျက် ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ EPSON Printers ရဲ့ Printer များကတော့ Model L110၊ L300 နဲ့ L 350 တို့ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ EPSON L-Series Printers များကိုတော့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ စတင်ရောင်းချ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment