Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 10 November 2012

Barcamp Yangon 2013 ကို ဇန်န၀ါရီလ အတွင်း ကျင်းပသွားရန်ရှိ


Barcamp Yangon 2013 ကို လာမယ့် ဇန်န၀ါရီလ ၁၉ ရက်နဲ့  ၂၀ ရက်တို့မှာ ကျင်းပ သွားဖို့ ရှိတယ်လို့ နိုဝင်ဘာ ၉ ရက်နေ့က မြန်မာ အင်ဖိုတက်မှာ
ကျင်းပပြုလုပ်ခဲ့တဲ့ အဆိုပါပွဲ ကျင်းပရေး ဆိုင်ရာ စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရပါတယ်။ အခုလို ကျင်းပမယ့် Barcamp Yangon 2013 ဟာ ဆိုရင် စတုတ္တအကြိမ်မြောက် ကျင်းပတာ ဖြစ်ပြီး ကျင်းပ ပြီးခဲ့တဲ့ Barcamp Yangon 2012 ကိုတော့ ပြည်တွင်း၊ ပြည်ပမှ တက်ရောက် ခဲ့သူပေါင်း ငါးထောင်ခန့် ရှိခဲ့တယ်လို့ သိရပါတယ်။

ထပ်မံကျင်းပ သွာမယ့် Barcamp Yangon 2013 ကိုလည်း ယခင်နှစ်တွေ နဲ့မတူဘဲ ထူးခြားတဲ့ အစီအစဉ်များစွာ ထည့်သွင်း ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါပွဲ ကျင်းပ သွားတဲ့ အခါမှာလည်း Social Media နဲ့ပတ်သက်တဲ့ အသိပညာ များကို တက်ရောက် သူများ သိရှိစေဖို့ သက်ဆိုင်ရာ ပညာရှင်များနဲ့ ဟောပြောမှု များလည်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ကျင်းပမယ့် Barcamp Yangon 2013 ကို တက်ရောက် လေ့လာ လိုသူများ အနေနဲ့ www.barcapmyangon.org ဆိုတဲ့ ၀က်ဘ်ဆိုက်မှာ ၂၀၁၂ ဒီဇင်ဘာလ တတိယပတ် မှစတင်ပြီး စာရင်းပေး သွင်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို ကျင်းပမယ့် Barcamp Yangon 2013 ကျင်းပရာမှာ အကြံပေး လိုသူများ အနေနဲ့လည်းwww.facebook.com/barcampyangon မှာ အကြံပြုမှုများ ဆောင်ရွက် နိုင်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့