Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 10 November 2012

စီးပွားရေး ကဏ္ဍတွင် ပုဂ္ဂလိက စွမ်းဆောင်ရည် တိုးမြင့်စေရန် ဆွေးနွေးမှု တစ်ခု ပြုလုပ်ခဲ့


ပြည်တွင်းရဲ့ စီးပွားရေး ကဏ္ဍများမှာ ပုဂ္ဂလိက စွမ်းဆောင်ရည် တိုးမြင့်စေဖို့ အတွက် တတိယ အကြိမ်မြောက် ပုဂ္ဂလိက စွမ်းဆောင်ရည် တိုးမြင့်ရေး အလုပ်ရုံ
ဆွေးနွေးပွဲ 3th workshop on private sector capactiy building ကို နိုဝင်ဘာလ ၆ ရက်နေ့မှ ၉ ရက်နေ့ အထိ ၄ ရက်ကြာ ပါ့ခ်ရွိုင်ရယ် ဟိုတယ်မှာ ကျင်းပပြုလုပ် လျက်ရှိ တယ်လို့ သိရပါတယ်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို ဆွီဒင်နိုင်ငံမှ NIR မှ ကြီးမှူး ပြုလုပ်တာ ဖြစ်ပြီး ဆွီဒင် နိုင်ငံမှ ပညာရှင်၂ ဦး လာရောက် ဆွေးနွေး ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ အလုပ်ရုံ ဆွေးနွေးပွဲ မှာတော့ နည်းပညာ ဆိုင်ရာ လုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့် ခရီးသွားလာရေးမှ လုပ်ငန်းရှင်များ၊ အ၀တ်အထည်ချုပ် လုပ်ငန်းရှင်များနဲ့ ငါးမွေးမြူရေး လုပ်ငန်း လုပ်ကိုင် လျက်ရှိတဲ့ လုပ်ငန်းရှင်များ တက်ရောက် ခဲ့ကြတာ ဖြစ်ပါတယ်။

အဲ့ဒီလို ပုဂ္ဂလိက စွမ်းဆောင်ရည် မြင့်မား တိုးတက်စေဖို့ အလုပ်ရုံ ဆွေးနွေးမှုများကို ၂၀၁၂ ခုနှစ် မတ်လက တစ်ကြိမ်၊ မေလက တစ်ကြိမ် ပြုလုပ်ခဲ့ပြီး ယခုပြုလုပ် တာနဲ့ဆိုရင် ၃ ကြိမ်မြောက် ရှိပြီ ဖြစ်ပါတယ်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးမှု မှာတော့ ပုဂ္ဂလိက လုပ်ငန်းရှင်များ စီးပွါးရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ လက်ရှိ ဆောင်ရွက် လျက်ရှိတဲ့ ဆောင်ရွက်မှု များထက် ပိုမို အကောင်အထည်ဖော် ဆောင်ရွက်သင့် တာတွေကို သင်ကြား ပို့ချပေးလျက် ရှိတယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့