Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 10 November 2012

နည်းဥပဒေ ထွက်ရှိပြီးပါက လူမှုဖူလုံရေး အိမ်ရာ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက် သွားရန်ရှိ


လူမှုဖူလုံရေး ဥပဒေသစ် အရ အာမခံ အလုပ်သမားတွေရဲ့ ဘ၀နောင်ရေး အတွက် နေအိမ် နေထိုင်ခွင့်နဲ့ ပိုင်ဆိုင်ခွင့်များ ရရှိစေဖို့ အတွက် လူမှုဖူလုံရေး
အိမ်ရာ စီမံကိန်းကို ထူထောင် ရမှာ ဖြစ်တယ်လို့ အဆိုပါ ဥပဒေသစ်မှာ ပါဝင်တယ်လို့ သိရှိရပါတယ်။ အခုလို အကောင်အထည် ဖော်ဖို့ အတွက် ကိုတော့ လူမှုဖူလုံရေး နည်းဥပဒေ ထွက်ရှိပြီးပါက စတင်ကာ ပြုလုပ် သွားဖို့ ရှိတယ်လို့ အလုပ်သမား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

အခုလို လူမှုဖူလုံရေး အိမ်ရာ စီမံကိန်း အနေနဲ့ ဆောင်ရွက်ရာ မှာတော့ အလုပ်သမား ထံမှ လစဉ် ထည့်သွင်း ရမယ့် ငွေကြေး ပမာဏနဲ့ ပိုင်ဆိုင်ခွင့် ရရှိမယ့် အိမ်ရာတန်ဖိုး လုံလောက်မှု ရှိ၊ မရှိ စတာတွေကိုပါ လက်ရှိမှာ ထည့်သွင်း စဉ်းစားလျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ အဆောက်အအုံအား အတတ်နိုင်ဆုံး ခိုင်ခန့်မှု ရှိစေရေးနဲ့ ဈေးနှုန်း သက်သာမှု ရှိစေရေး တို့ကိုလည်း အင်ဂျင်နီယာပိုင်း ဆိုင်ရာ တတ်ကျွမ်းသူ တွေနဲ့ ထည့်သွင်း စဉ်းစားဖို့ ဆွေးနွေးလျက် ရှိတယ်လို့ သိရပါတယ်။

အဲဒီ့ လူမှုဖူလုံရေး ဥပဒေသစ်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန် ထားပြီး အဆိုပါ လူမှုဖူလုံရေး အိမ်ရာ စီမံကိန်း ကိုတော့ နည်းဥပဒေ ထွက်ရှိပြီးပါက အကောင်းဆုံး လုပ်ဆောင် နိုင်ဖို့အတွက် လက်ရှိမှာ လုပ်ငန်းရှင်များ၊ အလုပ်သမား ကိုယ်စားလှယ် များနဲ့ အိမ်ရာ စီမံကိန်း အတွက် ဆွေးနွေးမှု တွေကို ရန်ကုန်နဲ့ မန္တလေးမြို့ များမှာ ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့