Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 10 November 2012

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ ခေါက်တို သင်္ဘောလိုင်း စတင်ပြေးဆွဲ တော့မည်


ပို့ဆောင်ရေး ၀န်ကြီး ဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးရဲ့ မြစ်ဝကျွန်းပေါ် ဌာနခွဲမှ ရန်ကုန်မြို့တော်နေ လုပ်သား ပြည်သူများ အဆင်ပြေ လွယ်ကူစွာ
ခရီး သွားလာ နိုင်ရေး အတွက် ရည်ရွယ်ပြီး လာမယ့် နိုဝင်ဘာလ ၁၂ ရက်နေ့မှစပြီး ခေါက်တို သင်္ဘောလိုင်း ပြေးဆွဲပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ပြေးဆွဲရာမှာ လှိုင်သာယာ ဖက်ခြမ်း ရှမ်းကျောင်း ဘုန်းတော် ကြီးကျောင်းမှ စဥ့်အိုးတန်း ဆိပ်ကမ်း လမ်းမတော်သို့ လူစီးကူးတို့ ရေယာဉ်ကို နေ့စဉ်အသွား- အပြန် ပြေးဆွဲ ပေးမှာ ဖြစ်ပါတယ်။

ဒီလိုပြေးဆွဲ ပေးမယ့် ရေယာဉ်ဟာ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးပိုင် တံလျှပ် ရေယာဉ် ဖြစ်ပြီး ခရီးသည် တစ်ဦးကို ငွေကျပ် ၂၅၀ နှုန်း ကောက်ခံ သွားမှာ ဖြစ်ပါတယ်။ ဒီလို ပြေးဆွဲရာမှာ လှိုင်သာယာ ဖက်ခြမ်းမှ နံနက် ၇ နာရီမှာ စတင် ထွက်ခွာပြီး စဉ်းအိုးတန်း ဆိပ်ကမ်းသို့ ၈ နာရီမှာ ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင်  စဉ်းအိုးတန်း ဆိပ်ကမ်း လမ်းမတော် မှ ညနေ ၅ နာရီမှာ ထွက်ခွာပြီး လှိုင်သာယာ ဖက်ကမ်းသို့ ညနေ ၆ နာရီမှာ ရောက်ရှိမှာ ဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ ရေယာဉ် မှာတော့ ခရီးသည် အယောက် ၃၀၀ ခန့်လိုက်ပါ စီးနင်း နိုင်မှာဖြစ်ပြီး လုပ်သား ပြည်သူများ စီးနင်း လိုက်ပါမှု များပြားပါက ရေယာဉ်စီးရေ တိုးပြီး ခရီးစဉ်ခေါက်ရေ ပိုမိုပြေးဆွဲ နိုင်ဖို့ လိုအပ်တဲ့ ရေယာဉ်များ အသင့်ပြင်ဆင် မွမ်းမံထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသည် လိုက်ပါမှု များလာပြီး ရေယာဉ် လိုအပ်ချက် ရှိလာပါက ခေါက်ရေတိုး ပြေးဆွဲ နိုင်ရေး အတွက် တိမ်ခိုးရေယာဉ် တစ်စီး အသင့်ပြင် ထားရှိတယ်လို့သိရပါတယ်။ ဒီလို ဆောင်ရွက် မှုတွေ အပြင် ခရီးသည် လိုက်ပါမှု ပိုမိုတိုးတက် လာပါက လက်ရှိ ပြေးဆွဲဖို့ လျာထားတဲ့ ရေယာဉ်ထက် ခရီးသည် ပိုမို တင်ဆောင် နိုင်တဲ့ ရေယာဉ်ကြီးများနဲ့ ပြောင်းလဲ ပြေးဆွဲဖို့ပါ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဒီလို ဆောင်ရွက်ရာမှာ ခရီးသည်များက နယ်မြေဒေသ ထပ်တိုး ပြေးဆွဲ ပေးရန် တောင်းဆို ပါလာက အင်းစိန်၊ ပေါက်တောဝထိ လမ်းကြောင်း တိုးချဲ့ ပြေးဆွဲ ဖို့လည်း လေ့လာ ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရ တာဟာ လှိုင်သာယာနဲ့ အင်းစိန် တ၀ိုက်မှ ခရီးသွားများ ယာဉ်ကြော ပိတ်ဆို့မှုကြောင့် ခရီးသွားဖို့ ကြာမြင့်ချိန်ကို ရေကြောင်း လမ်းမှတဆင့် စရိတ်နဲ့အချိန်ကုန် သက်သာစွာ သွားလာ နိုင်ရေး အတွက် ဆောင်ရွက် ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့