မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ယခု လက်ရှိ အချိန်မှာ ကြက်ပေါက် ဈေးကျဆင်း သွားပြီး
ကြက်သားဈေး မှာလည်း ဈေးတက်မှု မရှိဘဲ တစ်ပိသာကို ကျပ် ၂၅၀၀ နီးပါးသာ ရရှိတယ်လို့ သိရပါတယ်။ ဒါပေမေယ့် အသားတိုး ကြက် မွေးမြူ ထုတ်လုပ်သူတွေ အတွက် ကြက်တစ်ကောင်ရဲ့ ပျမ်းမျှ ထုတ်လုပ်မှု စရိတ်မှာ ကြက် ၁ ပိဿာ အတွက် ငွေကျပ် ၂၃၅၉ ကျပ်နီးပါး ကုန်ကျပြီး ထုတ်လုပ်မှု စရိတ်နဲ့ ခြံဖမ်းဈေး နှိုင်းယှဉ် ကြည့်မယ် ဆိုပါက အသားတိုး ကြက်မွေးမြူသူများ အတွက် ကြီးမြင့် လျက်နေသေးတဲ့ အစာဈေးနှုန်း များကြောင့် အရှုံးများနဲ့ ရင်ဆိုင်နေ ရတယ်လို့ ဆိုပါတယ်။
ယခုလက်ရှိမှာ ကြက်ပေါက် ဈေးနှုန်း တွေဟာ ယခင်ဈေးထက် ကျဆင်းသွားပြီး ဈေးနှုန်း များမှာ ယခင် ၆၅၀ ကျပ်မှ ယခုကျပ် ၄၀၀ သို့ ကျဆင်း သွားတယ်လို့ သိရပါတယ်။ ဒီလို အသားတိုးကြက် မွေးမြူရာမှာ ကြက်ဈေးများ မရရှိ တဲ့အတွက် အသားတိုး ကြက်မွေးမြူ သူများဟာ အခက်အခဲများ ကြုံတွေ့ နေရတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:
Post a Comment