Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 9 November 2012

အောက်တိုဘာ လအတွင်း မြန်မာ တစ်နိုင်ငံလုံးရှိ မီးလောင်ကျွမ်းမှုများမှာ ယခင်လထက် ၅၈ ကြိမ် ပိုမိုဖြစ်ပွားခဲ့


အောက်တိုဘာလ အတွင်း မြန်မာ တစ်နိုင်ငံလုံးမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှု များဟာ ပြီးခဲ့တဲ့ စက်တင်ဘာ လက ဖြစ်ပွားခဲ့တဲ့ မီးလောင်မှု တွေထက်
၅၈ ကြိမ်ခန့် ပိုမို လောင်ကျွမ်း ခဲ့တယ်လို့ မီးသတ် ဦးစီးဌာနမှ သတင်း ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ လအတွင်း မြန်မာ တစ်နိုင်ငံလုံးမှာ မီးလောင်ကျွမ်းမှု ၄၈ ကြိမ် ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ လအတွင်း မှာတော့ မီးလောင်ကျွမ်းမှု ၁၀၆ ကြိမ်အထိ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးမှာ အောက်တိုဘာ လအတွင်း ဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှု တွေကတော့ ကချင်ပြည်နယ်မှာ ၂ ကြိမ်၊ ကရင်ပြည်နယ်မှာ ၃ ကြိမ်၊ စစ်ကိုင်တိုင်း ဒေသကြီးမှာ ၉ ကြိမ်၊ တနင်္သာရီတိုင်း ဒေသကြီးမှာ ၂ ကြိမ်၊ ပဲခူးတိုင်း ဒေသကြီးမှာ ၄ ကြိမ်နဲ့ မကွေးတိုင်း ဒေသကြီးမှာ ၅ ကြိမ် ဖြစ်ပွားခဲ့ ပါတယ်။ ဒါ့အပြင် နေပြည်တော်မှာ ၃ ကြိမ်၊ မန္တလေးတိုင်း ဒေသကြီးမှာ ၁၃ ကြိမ်၊ မွန်ပြည်နယ်မှာ ၅ ကြိမ်၊ ရခိုင်ပြည်နယ်မှာ ၃၆ ကြိမ် ၊ ရန်ကုန်တိုင်း ဒေသကြီးမှာ ၆ ကြိမ်၊ ရှမ်းပြည်နယ်မှာ ၈ ကြိမ်နဲ့ ဧရာဝတီတိုင်း ဒေသကြီးမှာ ၁၀ ကြိမ် လောင်ကျွမ်း ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ မီးလောင်ကျွမ်းမှု တွေထဲမှာ မသမာသူရှို့ မီးကြောင့် မီးလောင်ကျွမ်းမှု အများဆုံး ဖြစ်ပြီး အောက်တိုဘာ လအတွင်း မသမာသူ ရှို့မီးကြောင့် မီးလောင်ကျွမ်းမှု ၄၉ ကြိမ် အထိ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မီးဖိုမီးကြောင့် မီးလောင်ကျွမ်းမှု ၁၄ ကြိမ်၊ ပေါ့ဆမီးကြောင့် မီးလောင် ကျွမ်းမှု ၃၁ ကြိမ်၊ လျှပ်စစ်မီးကြောင့် မီးလောင်ကျွမ်းမှု ၁၁ ကြိမ်၊ အလိုအလျောက် မီးကြောင့် မီးလောင်ကျွမ်းမှု ၁ ကြိမ်ခန့် ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ မီးလောင်ကျွမ်းမှု များကြောင့် အောက်တိုဘာ လအတွင်း အိမ်ခြေ အဆောက်အဦး ၅၄၂၀ လုံး ဆုံးရှုံးခဲ့ပြီး ကျပ်သိန်းပေါင်း ၉၀၀၀ ကျော် ဆုံးရှုံးခဲ့ တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့