အပြည်ပြည် ဆိုင်ရာ စီးပွားရေး မြှင့်တင်မှု ဗဟိုဌာန International Business Promotion Center (IBPC) မှ ကြီးမှူး ကျင်းပတဲ့ မြန်မာနိုင်ငံမှ စီးပွားရေး
လုပ်ငန်းရှင် များနဲ့ စင်္ကာပူ နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးတဲ့ စီးပွားရေး တွေ့ဆုံပွဲကို နိုဝင်ဘာလ ၈ ရက်နေ့က အလုံမြို့နယ်ရှိ အလုံတာဝါမှာ ကျင်းပ ပြုလုပ်ခဲ့ ပါတယ်။ အဆိုပါ စီးပွားရေး တွေ့ဆုံပွဲ မှာတော့ ဟိုတယ် ဆိုင်ရာ လုပ်ငန်းများ၊ စွမ်းအင် ဆိုင်ရာ လုပ်ငန်းများ၊ ဆောက်လုပ်ရေး ဆိုင်ရာ လုပ်ငန်းများ၊ ပရိဘောဂ လုပ်ငန်းများ ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဘဏ်လုပ်ငန်း ဆိုင်ရာများ၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ၊ ဗိသုကာ ဒီဇိုင်းများ၊ စာအုန်းဆီနဲ့ ဆီလုပ်ငန်း ဆိုင်ရာများ အစရှိတဲ့ စီးပွားရေး လုပ်ငန်းများ မှာလည်း နှစ်ဘက် လုပ်ငန်းရှင် များဟာ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။ အဲ့ဒီ စီးပွားရေး တွေ့ဆုံပွဲ ကိုတော့ မြန်မာ-စင်္ကာပူ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းများ အကျိုးတူ ပူးပေါင်း ဆောင်ရွက် နိုင်ရန် ရည်ရွယ် ကျင်းပ ပြုလုပ်တာ ဖြစ်ပြီး စင်္ကာပူ နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် ၄၂ ဦးနဲ့ မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် အယောက် ၈၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။

No comments:
Post a Comment