Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 9 November 2012

ပြည်တွင်း၌ မျက်စိကုသ ဌာန ၆၁ ခု ဖွင့်လှစ်ထားပြီး ကုသလျက်ရှိ


နိုဝင်ဘာလ ၅ ရက်နေ့က နတ်မောက် လမ်းရှိ Dolphin Restaurant မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ၂၄ ကြိမ်မြောက် မျက်စိ ဆရာဝန်များ အသင်း ညီလာခံမှာ
ကျန်းမာရေး ၀န်ကြီးဌာန  ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဖေသက်ခင်ရဲ့ ပြောကြားချက် အရ ပြည်တွင်းရဲ့ ပြည်နယ်နဲ့တိုင်း မြို့နယ်တွေမှာ မျက်စိကုသ ဌာန ၆၁ ခုကို ဖွင့်လှစ် ထားပြီး ကုသလျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို ဖွင့်လှစ် လျက်ရှိပြီး နောက်ပိုင်း မှာလည်း ခရိုင်အဆင့် မြို့ကြီးတွေ အားလုံးမှာ မျက်စိ ဆရာဝန်တွေ ခန့်အပ်ဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။

အခု လက်ရှိမှာ နိုင်ငံတော် အစိုးရ အနေနဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး အနေနဲ့ မျက်စိ ဆရာဝန်များ မွေးထုတ်ပေး ခဲ့ရာမှာ မျက်စိ ဆရာဝန်ပေါင်း ၂၅၈ ဦးကို မွေးထုတ်ပြီး ဖြစ်ပြီး ၂၀၂၀ ခုနှစ် ရောက်ပါက မျက်စိ ဆရာဝန်ပေါင်း ၄၀၀ ခန့် မွေးထုတ် ပေးဖို့ ရည်ရွယ်ထား တယ်လို့ သိရပါတယ်။ အဆိုပါ မျက်စိဆရာဝန်ပေါင်း ၂၅၈ ဦးထဲမှ ပါရဂူ ဘွဲ့ရပြီးသူ ၁၂ ဦးနဲ့ MRCS,FRCS ဘွဲ့ရပြီးသူ ၂၀ ဦးရှိနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် မျက်စိဆေးကုသ ဌာနမှာ မျက်စိကုသရာမှာ အရေးပါတဲ့ ပစ္စည်း ကိရိယာတွေ ဖြစ်တဲ့ လေဆာ ရောင်ခြည်စက်၊ တိမ်ခြေစက်၊ ခေတ်မှီ Operation Micrascope နဲ့ ရောဂါ စမ်းသပ်ရာမှာ အသုံးပြုတဲ့ ခေတ်မီ စက်ကိရိယာတွေ ကိုလည်း ကျယ်ပြန့်စွာ ၀ယ်ယူ သုံးစွဲနေပြီ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့