မြန်မာနိုင်ငံ ရေကြောင်း ပညာ တက္ကသိုလ်နဲ့ ကိုရီးယား နိုင်ငံ Korea Maritime Institue တို့ ပူးပေါင်း ဆောင်ရွက်မယ့် Korea-Myanmar Ocean
Research Center ကို လာမယ့် ၂၀၁၃ နှစ် နှစ်လယ်မှာ စတင် အကောင်အထည် ဖော်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို Korea-Myanmar Ocean Research Center ကို Korea-Maritime Institue တာဝန်ရှိသူ ၁ ဦး၊ မြန်မာနိုင်ငံ ရေကြောင်း ပညာ တက္ကသိုလ်မှ တာဝန်ရှိသူ ၁ ဦးတို့မှ ပူးပေါင်း ကြီးကြပ် သွားမှာ ဖြစ်ပါတယ်။
အဲ့ဒီ Center အတွက် Korea Maritime Institue မှ ပထမဆုံး ရင်းနှီးမြှုပ်နှံမှု အနေနဲ့ အမေရိကန် ဒေါ်လာ ငါးသောင်းကို ရင်းနှီးမြှုပ်နှံမှုမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Korea Maritime Institue ဟာ ပင်လယ် ကမ်းရိုးတန်း ဆိုင်ရာ ငါးလုပ်ငန်း ဆိုင်ရာ၊ ပင်လယ် ပိုင်နက်နဲ့ စက်မှု လုပ်ငန်း ဆိုင်ရာ စတဲ့ သုတေသန လုပ်ငန်းများ ပြုလုပ်ပြီး မူဝါဒများ ချမှတ်နိုင်ရေးကို အကြံပြု ပေးတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပင်လယ် ကမ်းရိုးတန်းဟာ ရှည်လျားတဲ့ အတွက် ပင်လယ် ခရီးသွား လုပ်ငန်းက ဖြစ်ထွန်း နိုင်တယ်လို့ ကိုရီးယားမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။

No comments:
Post a Comment