Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 9 November 2012

စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အတွက် ရည်ရွယ်၍ တရုတ်-အာဆီယံ-မြန်မာ ကုန်စည်ပြပွဲ ပြုလုပ်ခဲ့


တရုတ် နိုင်ငံမှ ပြည်နယ် သုံးခု ကနေပြီး ၎င်းတို့ ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ပြည်တွင်းက ၀ယ်ယူသူတွေ သိရှိစေဖို့ အတွက် တရုတ်-အာဆီယံ-မြန်မာ
ကုန်စည်ပြပွဲကို နိုဝင်ဘာလ ၈ ရက်နေ့က တပ်မတော် ခန်းမမှာ ပြပွဲကို နိုဝင်ဘာ ၈ ရက်နေ့မှ ၁၁ ရက်နေ့ အထိ သုံးရက်ကြာ ပြသသွားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။ အဆိုပါ ပြပွဲကိုတော့ တရုတ်ပြည်ရဲ့ ပြည်နယ် သုံးခုမှ အဓိက ထွက်ကုန် တွေဖြစ်တဲ့ လျှပ်စစ် ဆိုင်ရာ ပစ္စည်းများ၊ မော်တော် ဆိုင်ကယ်၊ မီးစက်နဲ့ အခြား လူသုံးကုန် ပစ္စည်းများ၊ လယ်ယာသုံး ပစ္စည်းများကို အဓိကထား ပြသထား တာကို တွေ့ရှိ ရပါတယ်။

ပြပွဲမှာ ပြခန်းပေါင်း ၇၅ ခန်းပါဝင် ပြသထားပြီး တရုတ် နိုင်ငံမှ လုပ်ငန်းရှင် ၁၁ ဦးတို့မှ အဓိက လာရောက် ပြသတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ကာလ အတွင်း မှာလည်း ပြည်တွင်းမှာ တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှု အနေနဲ့ ၆.၅ ဘီလီယံ ရှိခဲ့တယ်လို့ China Foregin Tade မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့