ပို့ဆောင်ရေး ၀န်ကြီး ဌာနမှ မြန်မာ သင်္ဘောကျင်း လုပ်ငန်းနဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ပြည်ပ ကုမ္ပဏီ ၂ ခုမှ အဆိုပြုလွှာများ ပေးသွင်းခဲ့ရာ
လက်ရှိမှာ ဗီယက်နမ်နိုင်ငံ Dong A Shipbuilding Industry ကို အကျိုးတူ ပူးပေါင်း ဆောင်ရွက်ဖို့ ရွေးချယ် ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက် ရာမှာ မြန်မာ့ သင်္ဘောကျင်း လုပ်ငန်းမှ ၅၁ ရာခိုင်နှုန်း၊ Dong A ၄၉ ရာခိုင်နှုန်း ဆောင်ရွက် မှာဖြစ်ပြီး Dong A မှ အမေရိကန် ဒေါ်လာ သန်း ၈၀ခန့် ပမာဏ ရင်းနှီး မြှုပ်နှံမှုပြုမှာ ဖြစ်ပါတယ်။
အဲ့ဒီ ဖက်စပ် ကုမ္ပဏီဟာ လွန်းကျင်း တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီး ပထမ အဆင့် လုပ်ငန်းများ ဆောင်ရွက် ပြီးချိန်မှာ ရေယာဉ် တည်ဆောက်ရေး၊ ပြင်ဆင်ရေး ဆိုင်ရာ လုပ်ငန်း အမျိုးမျိုးမှာ လုပ်သား အင်အား ၈၀၀ အထိ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက် လာမှာ ဖြစ်တယ်လို့ သက်ဆိုင်ရာမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒါ့အပြင် အဆိုပါ ကုမ္ပဏီဟာ ၁၀ နှစ်တာ ကာလ အတွင်း ပထမ အဆင့် အနေနဲ့ ရေယာဉ် တည်ဆောက်ရေးမှာ တစ်နှစ်ကို တန်ချိန် ၃၅၀၀ ၊ ရေယာဉ်အစင်း ၅ စင်း၊ တန်ချိန် ၆၅၀၀ ရေယာဉ် ၂ စင်း၊ ဒုတိယ အဆင့်မှာ တစ်နှစ်ကို တန်ချိန် ၁၂၅၀၀ ရေယာဉ် ၅ စင်းအား လည်းကောင်း၊ ရေယာဉ် ပြင်ဆင်ရေး အပိုင်းမှာ ပထမ အဆင့် တစ်နှစ်ကို တန်ချိန် ၃၀၀၀ ရေယာဉ် ၅ စင်း၊ ဒုတိယ အဆင့်မှာ တစ်နှစ်ကို တန်ချိန် ၁၂၅၀၀ ရေယာဉ် ၄ စင်းအား ဆောင်ရွက် ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို လုပ်ဆောင်မှုများ အတွက် ရရှိလာမယ့် မျှော်မှန်း ၀င်ငွေဟာ ၁၀ နှစ်တာ ကာလ အတွင်း အမေရိကန် ဒေါ်လာ ၄ သန်းခန့်မှ ၁၀.၅ သန်းခန့် အထိ ရရှိနိုင်မှဖြစ်ပြီး အမြတ်ငွေ အမေရိကန် ဒေါ်လာ ၁ သန်းခန့်မှ ၁၀.၅ သန်းခန့် အထိ ရရှိနိုင်မှာ ဖြစ်ပြီး အမြတ်ငွေ အမေရိကန် ဒေါ်လာ ၁ သန်းခန့်မှ ၁၀ သန်းခန့် အထိ တိုးမြှင့်ဖို့ မျှော်မှန်း ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:
Post a Comment