နိုဝင်ဘာလ ပထမ အပတ်မှာ နိုင်ငံပိုင် သတင်းစာ တွေမှာ ဖော်ပြခဲ့တဲ့ ဆက်သွယ်ရေး ဥပဒေ ကြမ်းမှာ ဆက်သွယ်ရေး လုပ်ငန်း လိုင်စင်ရ ရှိသူဟာ
ဆက်သွယ်ရေး ဈေးကွက် အတွင်းမှာ ပြိုင်ဆိုင်မှု လျော့နည်းစေတဲ့ လုပ်ဆောင်မှုမျိုးကို လုပ်ဆောင်ခြင်း မပြုရဘူးလို့ ဥပဒေကြမ်းပါ အခန်း ၁၃ မှာပါရှိ ပါတယ်။ ယင်းဥပဒေကြမ်းမှာ ဖော်ပြချက် အရ ဆက်သွယ်ရေး လုပ်ငန်း လိုင်စင် ရရှိပြီး သူဟာ အဆိုပါ ပြဌာန်းချက် အရ ပုဂ္ဂိုလ် တစ်ဦးဦး ဌာန သို့မဟုတ် အဖွဲ့အစည်း တို့နဲ့ နည်းလည်မှု ရယူပြီး သဘော တူညီမှု ရယူပြီး စာချုပ် ချုပ်ဆိုခြင်း မျိုးတို့ကို ရှောင်ကြည် ရမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
ဒါ့အပြင် မိမိရဲ့ ဆန္ဒအလျှောက် နှုန်းထား ပြင်ဆင် သတ်မှတ်ပြီး ဆောင်ရွက်ခြင်း ဈေးကွက်အား ခွဲဝေရယူဖို့ ဆောင်ရွက်ခြင်း တို့ကို ပြုလုပ်ခြင်းမျိုး မပြုလုပ် ရဘူးလို့ သိရပါတယ်။ အခုလို ဆက်သွယ်ရေး ပစ္စည်း ထောက်ပံ့သူ၊ ရောင်းချသူ တစ်ဦးဦး ထံမှ ၀ယ်ယူခြင်း မပြုလုပ်ဖို့နဲ့ စီးပွားပြိုင်ဘက် တစ်ဦးဦးအား မတရားတဲ့ နည်းနဲ့ ဆန့်ကျင်မှု ပြုခြင်း တို့ကို မပြုလုပ်ဖို့ တားမြစ် ထားတယ်လို့ ဖော်ပြချက်များ အရ သိရပါတယ်။
အခုလို ဆက်သွယ်ရေး လုပ်ငန်း လိုင်စင် ရရှိသူ အနေနဲ့လည်း မိမိထံမှ သော်လည်းကောင်း၊ အခြားသူ တစ်ဦးထံမှ သော်လည်းကောင်း ဆက်သွယ်ရေး ပစ္စည်း၊ ဆက်သွယ်ရေး ၀န်ဆောင်မှု တို့ကို ရယူသုံးစွဲရေး အတွက် အသုံးပြုသူအား ချုပ်ချယ် ကန့်သတ်ခြင်း မျိုးကို မပြုလုပ်ရဘူး ဖြစ်တယ်လို့ သိရပါတယ်။ အခုလို တားမြစ်ချက်များ အရ ဆက်သွယ်ရေး ဈေးကွက် အတွင်း ပြိုင်ဆိုင်မှုကို ဟန့်တားခြင်းမျိုး လုပ်ဆောင် ပါက ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန အနေနဲ့ လုပ်ငန်း လိုင်စင် ရရှိပြီး သူရဲ့ လုပ်ဆောင်မှု များကို ရပ်စဲဖို့ ညွှန်ကြား နိုင်တာ ဖြစ်တယ်လို့ အဆိုပါ ဥပဒေကြမ်းမှာ ပါရှိပါတယ်။

No comments:
Post a Comment