Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 9 November 2012

ပြည်နယ်နှင့် တိုင်းဒေသကြီး များရှိ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများအား ပုဂ္ဂလိကများကို လုပ်ကိုင်ခွင့်ချထား ပေးရန်ရှိ


ပြည်နယ်နှင့် တိုင်းဒေသကြီး များရှိ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများကို ပုဂ္ဂလိက ကုမ္ပဏီများမှ လုပ်ကိုင်ခွင့် လျှောက်ထား ပါက လုပ်ကိုင်ခွင့်
ချထားပေး သွားမှာ ဖြစ်တယ်လို့ နေပြည်တော်ရှိ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ ပြောကြားချက် အရ သိရပါတယ်။ အခု လက်ရှိမှာ ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးရှိ မြို့နယ် အချို့ရှိ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများ ကိုသာ ပုဂ္ဂလိက ကုမ္ပဏီများကို လုပ်ကိုင်ခွင့် ပေးထားပြီး ဖြစ်ပါတယ်။

အဲ့ဒီလို ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးမှာ ကုမ္ပဏီများကို လုပ်ကိုင်ခွင့် များပေးရ တာဟာ အဆိုပါ တိုင်းဒေသကြီး တွေမှာ မီးသုံးစွဲမှု များပြား တာကြောင့် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း လုပ်ကိုင်ခွင့် လျှောက်ထားမှု များပြားတာ ဖြစ်တယ်လို့ သိရပါတယ်။ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းကို လုပ်ကိုင်လိုတဲ့ ကုမ္ပဏီများနဲ့ ဆောင်ရွက်မယ့် မြို့အမည်နဲ့ ဆောင်ရွက်မယ့် အစီအစဉ်ကို ဖော်ပြပြီး လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနကို လျှောက်ထားရမှာ ဖြစ်ပါတယ်။

ဝန်ကြီး ဌာနရဲ့ ခွင့်ပြုချက် ရရှိပါက သက်ဆိုင်ရာ မြို့နယ်ကို ကွင်းဆင်း လေ့လာဖို့ ခွင့်ပြုမှာဖြစ်ပြီး ဓာတ်အား ပျောက်ဆုံးမှု လျော့ချဖို့ ဆောင်ရွက်မည့် လုပ်ငန်းများ၊ ရင်းနှီး မြှုပ်နှံမယ့် ခန့်မှန်းငွေ ပမာဏများ အစရှိတဲ့ အချက်အလက် တွေကို လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းသို့ တင်ပြရမှာ ဖြစ်ပါတယ်။ အခုလက်ရှိ မွန်ပြည်နယ် မော်လမြိုင်မြို့ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများ လုပ်ကိုင်ဖို့ ပုဂ္ဂလိက ကုမ္ပဏီများ လေ့လာ ကွင်းဆင်းမှုများ ပြုလုပ်နေ တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့