လူမှုဝန်ထမ်း ဦးစီးဌာန အသိအမှတ်ပြု ရန်ကုန်တိုင်း ဒေသကြီး၊ တွံ့တေး မြို့နယ် ဘုရားကြီး ကျေးရွာရှိ မင်္ဂလာ လူငယ် ပရဟိတ ဂေဟာ သင်တန်း ကျောင်းကို
၁၉၉၃ ခုနှစ်က စတင် တည်ထောင် ခဲ့တာ ဖြစ်ပြီး ၁၄ နှစ်တာ ကာလကို ရောက်ရှိခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ သင်တန်း ကျောင်းမှာ မိဘမဲ့ ကလေးများ၊ ဆင်းရဲသူများ၊ တိုင်းရင်းသား ကလေးငယ် များကို စောင့်ရှောက် လျက်ရှိတာ ဖြစ်ပြီး ယခုလက်ရှိ မှာတော့ တက္ကသိုလ်၊ အခြေခံ ပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း အဆင့် ကျောင်းသား၊ ကျောင်းသူပေါင်း ၂၀၅၀ ဦးရှိနေပြီ ဖြစ်ပါတယ်။
အဲ့ဒီ တက္ကသိုလ် ကျောင်းသား တစ်ဦးကို ပညာသင် စရိတ် နှစ်စဉ် ငွေကျပ် တစ်သိန်းခွဲ၊ အထက်တန်း ကျောင်းသား တစ်ဦးကို ငွေကျပ် တစ်သိန်း၊ အလယ်တန်း ကျောင်းသား တစ်ဦးကို ငွေကျပ် ငါးသောင်း နှုန်းနဲ့ ထောက်ပံ့ သင်ကြား ပေးလျက်ရှိတာ ဖြစ်ပါတယ်။ အဆိုပါ ကျောင်းသား များကို ပညာရေး ၀န်ကြီး ဌာနမှ ဆရာ ၄ ဦးက လာရောက် သင်ကြားပေး လျက်ရှိတာ ဖြစ်ပြီး အရန်အဖြစ် အဲ့ဒီ သင်တန်း ကျောင်းက အောင်မြင် သွားတဲ့ ကျောင်းသား၊ ကျောင်းသူ ၁၄ ဦးက နည်းပြ အဖြစ် ပြန်လည် သင်ကြား ပေးနေတာ ဖြစ်ပါတယ်။ အဲ့ဒီ သင်တန်းကို လှူဒါန်းလိုတဲ့ အလှူရှင်များ အနေနဲ့ မင်္ဂလာလူငယ် ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာ သင်တန်းကျောင်း ဖုန်း ၀၉၈၆၀၅၀၀၈ နဲ့ ၀၉၈၆၁၂၃၁၀ ကို ဆက်သွယ် လှူဒါန်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:
Post a Comment