ယခုနှစ် နွေစပါးချေးငွေကို တစ်ဧကလျှင် ငွေကျပ် ရှစ်သောင်း အထိ ထပ်မံ တိုးမြှင့် ထုတ်ချေးမည်
Friday 16th November 2012
ယခုနှစ် ဆောင်းရာသီမှာ စိုက်ပျိုးမည့် နွေစပါး အတွက် မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ တောင်သူ လယ်သမား များကို တစ်ဧကကို ငွေကျပ် ရှစ်သောင်း
အထိ ထပ်မံ တိုးချဲ့ ထုတ်ချေးပေး လျက်ရှိတယ်လို့ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အဆိုပါ နွေစပါး ချေးငွေကို ပိုမို ထုတ်ချေး ပေးရခြင်းမှာ နွေစပါး စိုက်ပျိုးရာမှာ တောင်သူ လယ်သမားများ အနေနဲ့ ကုန်ကျစရိတ် ပိုမိုများပြားတဲ့ အတွက် ပိုမို ထုတ်ချေး ပေးတာ ဖြစ်ပါတယ်။
ယခုနှစ် မိုးစပါး ချေးငွေမှ စပြီး စပါးသီးနှံ အတွက် တစ်ဧကကို ငွေကျပ် ငါးသောင်း နှုန်းနဲ့ ထုတ်ချေး ပေးထားတာ ဖြစ်ပြီး တခြား သီးနှံ အတွက် တစ်ဧကကို ငွေကျပ် တစ်သောင်း နှုန်းနဲ့ ထုတ်ချေး ပေးတာ ဖြစ်ပါတယ်။ ယခုနှစ် ဆောင်းရာသီမှ နွေစပါး အတွက် တစ်ဧကကို ငွေကျပ် ရှစ်သောင်း နှုန်းနဲ့ တိုးမြှင့် ထုတ်ချေးပေး ပေမယ့် တခြား သီးနှံများ ကိုတော့ တစ်ဧကကို ငွေကျပ် တစ်သောင်း နှုန်းနဲ့သာ ထုတ်ချေး ပေးတာ ဖြစ်ပါတယ်။
အဆိုပါ နွေစပါး ချေးငွေ ထုတ်ချေးတဲ့ ကာလမှာ စက်တင်ဘာလမှ ဒီဇင်ဘာ လအတွင်း ဖြစ်ပါတယ်။ တောင်သူ လယ်သမား တစ်ဦးကို အနည်းဆုံး ၁၀ ဧက အထိ ထုတ်ချေး ပေးတာဖြစ်ပြီး အတိုးနှုန်း ကတော့ ငွေကျပ် ၁၀၀ ကို တစ်နှစ်လုံး အတွက် ၈.၅ ရာခိုင်နှုန်း ပေးဆောင် ရတာ ဖြစ်ပါတယ်။ အဲ့ဒီ ထုတ်ချေးငွေများကို မြန်မာ တစ်နိုင်ငံလုံးရှိ မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်ရဲ့ မြို့နယ် ဘဏ်ခွဲ ၂၀၅ ခုမှ သက်ဆိုင်ရာ မြို့နယ် အလိုက် ထုတ်ချေး ပေးတော ဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်းရှိ ATM စက်အချို့တွင် Master Card ဖြင့် စတင် ထုတ်ယူနိုင်ပြီ
Friday 16th November 2012
Master Card နဲ့ ငွေထုတ်ယူမှုကို ပြည်တွင်း မှာရှိတဲ့ ATM စက်အချို့မှာ စတင် ထုတ်ယူ နိုင်ပြီ ဖြစ်တယ်လို့ နိုဝင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်တဲ့ အဆိုပါ
အခမ်းအနားမှ သိရပါတယ်။ ဒီလို ထုတ်ယူရာ မှာလည်း ရန်ကုန်လေဆိပ် အပါအ၀င် ပြည်တွင်းရှိ CB Bank ရဲ့ ATM စက်တိုင်းမှာ ထုတ်ယူ သုံးစွဲ နိုင်တာ ဖြစ်ပါတယ်။ အခုလို ရန်ကုန် လေဆိပ် အပါအ၀င် ပြည်တွင်းရှိ သမ၀ါယမဘဏ် လီမိတက် CB Bank ရဲ့ ATM စက်များက နိုင်ငံတကာမှ ဧည့်သည် များကို ပြည်တွင်းသုံး ငွေကြေးကို ထုတ်ပေး သွားမှာ ဖြစ်ပါတယ်။
CB Bank နဲ့ Master Card Worldwide တို့မှ နိုင်ငံတကာ ငွေပေးချေရေး Master Card ကို ပထမဆုံး အကြိမ်အဖြစ် CB Bank ATM စက်များမှာ နိုဝင်ဘာလ ၁၅ ရက်နေ့က စတင်ပြီး အသုံးပြု နိုင်တာ ဖြစ်ပါတယ်။ အဆိုပါ Master Card နဲ့ ငွေထုတ်ယူရာမှာ တစ်ကြိမ် ထုတ်ပါက အများဆုံး ကျပ်ငွေ ၃ သိန်း ထုတ်ယူနိုင်ပြီး တစ်နေ့ကို အများဆုံး အကြိမ် အရေအတွက် ၃ ကြိမ်အထိ ထုတ်ယူနိုင် တာဖြစ်ပါတယ်။
ဒါ့အပြင် Master Card နဲ့ ATM စက်များမှာ ငွေထုတ်ယူ ပါက မြန်မာ ကျပ်ငွေနဲ့ ထုတ်ပေးမှာ ဖြစ်ပြီး ၂၄ နာရီပတ်လုံး ငွေသား ထုတ်ယူနိုင် အောင်လည်း စီစဉ် ထားတာ ဖြစ်ပါတယ်။ အဆိုပါ အခမ်းအနား ကိုတော့ CB Bank ရဲ့ Executive Vice Chairman (CEO) ဦးကျော်လင်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးရန်အောင်၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဖေမြင့်နဲ့ Master Card Worldwide မှ တာဝန်ရှိသူများနဲ့ CB Bank မှ အကြီးအကဲများ တက်ရောက်ခဲ့ ကြတယ်လို့ သိရပါတယ်။

ပြည်ပအ၀င် တယ်လီဖုန်း ခေါ်ဆိုမှု မိနစ်ပေါင်း ၁၀ သန်းအတွက် အမေရိကန် ဒေါ်လာ ၂ သန်း ပေးရမည်
Friday 16th November 2012
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ ပြည်ပအ၀င် တယ်လီဖုန်း ခေါ်ဆိုမှုတွေ အတွက် အပြည်ပြည် ဆိုင်ရာ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းတွေ
ဆောင်ရွက် နေတဲ့ ကုမ္ပဏီ လေးခုနဲ့ စာချုပ် ချုပ်ဆို ဆောင်ရွက် လျက်ရှိ တယ်လို့ သိရပါတယ်။ အခုလို ချုပ်ဆိုထား ရမှာတော့ ၁ လမှာ မိနစ်ပေါင်း ၁၀ သန်း အတွက် အမေရိကန် ဒေါ်လာ ၂ သန်းနဲ့ သတ်မှတ် ထားတယ်လို့ သိရပါတယ်။ အဆိုပါ သတ်မှတ်ချက် မိနစ် ၁၀ သန်းထက် ၁ မိနစ် ပိုပါက အမေရိကန် ဒေါ်လာ ပြား ၂၀ ကို ထပ်တိုး ပေးဆောင် ရမှာဖြစ်ပြီး စာချုပ် သက်တမ်း ကိုတော့ ၁ နှစ် ကာလ သတ်မှတ်ထား တယ်လို့ သိရပါတယ်။
အခုလို စာချုပ်ချုပ် ထားတဲ့ ကုမ္ပဏီ ၄ ခု အနေနဲ့ လစဉ် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသို့ ပေးဆောင် ရမှာဖြစ်ပြီး အဆိုပါ စာချုပ် ကိုတော့ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ကာ ချုပ်ဆိုခဲ့တာ ဖြစ်တယ်လို့ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အခုလို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနဲ့ ချုပ်ဆို ထားခဲ့တဲ့ နိုင်ငံတကာ ကုမ္ပဏီ လေးခု ကတော့ PCCW, Hutchison ဟာဂျီဆန် HGC ၊ NTT Comunication နဲ့ DTAC တို့ ဖြစ်တယ်လို့ သိရပါတယ်။

Trademark and Branding Seminarတွင် အသိဥာဏ် မူပိုင်ခွင့် ဆိုင်ရာများ ဆွေးနွေး လျက်ရှိ
Friday 16th November 2012
ထုတ်ကုန် ပစ္စည်းတွေ အပေါ်မှာ အသိဥာဏ် ပစ္စည်း မူပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး အသိပညာ ပေးမှုဆိုင်ရာ ဆွေးနွေးမှု တစ်ခုဖြစ်တဲ့ Trademark and
Branding Seminar ကို နိုဝင်ဘာလ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့ တို့မှာ ရန်ကုန်မြို့ရှိ Summit Parkview Hotel မှာ ကျင်းပပြုလုပ် လျက်ရှိတာ ဖြစ်ပါတယ်။ ဒီလို ဆွေးနွေးရာ မှာလည်း ပြည်တွင်းမှာ ထုတ်ကုန် ပစ္စည်းတွေ အပေါ်မှာ အသိဥာဏ် ပစ္စည်း မူပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပညာရှင် များက ကဏ္ဍ အလိုက် ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါတယ်။
ပြည်တွင်းမှာ အခုလို အသိဥာဏ် ပစ္စည်း မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်က စတင်ကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ ကလည်း ထုတ်ကုန် ပစ္စည်း အပေါ်မှာ အသိဥာဏ် ပစ္စည်း မူပိုင်ခွင့် တွေနဲ့ ပတ်သက်ပြီး အသိပညာပေးမှု ဆိုင်ရာ ကိစ္စရပ်တွေကို ပြည်တွင်းမှာ ပိုမို တိုးချဲ့လုပ်ဆောင် သွားဖို့ အတွက် ကိုလည်း ဆွစ်ဇာလန် နိုင်ငံ၊ ဂျနီဖာမြို့ အခြေစိုက် ကမ္ဘာ့ အသိဥာဏ် ပစ္စည်း မူပိုင်ခွင့်အဖွဲ့ WIPO နဲ့ ပြည်တွင်းရှိ UMFCCI အဖွဲ့တို့အကြား လက်မှတ်ရေးထိုး ခဲ့ကြတာ ဖြစ်ပါတယ်။ အခုလို ပြုလုပ်တဲ့ ဆွေးနွေးမှုနဲ့ သြစတြေးလျ၊ မြန်မာ၊ စင်္ကာပူတို့မှ သက်ဆိုင်ရာ ပညာရှင် များက ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြတာ ဖြစ်ပါတယ်။

Psyco-Social Workshopကို ၄ ရက်ကြာ ကျင်းပပြုလုပ်ခဲ့
Friday 16th November 2012
မြန်မာနိုင်ငံ၊ လူမှုဝန်ထမ်း ဦးစီးဌာနနဲ့ အမေရိကန် နိုင်ငံရှိ Johns Hopkins University, Bloombery School of Public Health တို့ ပူးပေါင်း ကျင်းပတဲ့
Psycho-Social Workshop အလုပ်ရုံ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ၄ ရက်ကြာ Inya Lake Hotel မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲမှာ Johns Hopkins University နဲ့ Bloombery School of Public Health မှ ပရော်ဖက်ဆာ ဒေါက်တာများမှ ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ အလုပ်ရုံ ဆွေးနွေးပွဲကို ဆေးတက္ကသိုလ် ၁ ရန်ကုန်၊ စိတ်ကျန်းမာရေး ဆေးရုံ၊ Myanmar Association ၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊ မြန်မာနိုင်ငံ လူမှုရေး ပညာရှင်များ အသင်းနဲ့ ပြည်တွင်းရှိ လူမှုရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ၃၀ ဦး တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ် ရခြင်းရဲ့ ရည်ရွယ်ချက် ကတော့ နေရာဒေသ တစ်ခုရှိ စိတ်ဒဏ်ရာ ရရှိနေတဲ့ လူများရဲ့ စိတ်ကျန်းမာရေးနဲ့ စိတ်ပိုင်း ဆိုင်ရာ ခံစားချက်ကို သိရှိစေဖို့နဲ့ ဒေသတွင်း နေထိုင်တဲ့ လူများရဲ့ ကျန်းမာရေး ပြဿနာများကို နားလည် ဖော်ထုတ် နိုင်ဖို့ ရည်ရွယ် တယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၁၃ ခုနှစ် မှာလည်း Johns Hopkins University နဲ့ မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များ ပူးပေါင်းပြီး ဆေးပညာ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲအား ၃ ကြိမ် ထပ်မံ ကျင်းပ ဖို့လည်း စီစဉ် ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။

No comments:
Post a Comment