Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 20 November 2012

ဝိဇ္ဇာဘွဲ့ ခရီးသွား လုပ်ငန်း ဘာသာရပ်ကို တက်ရောက်ရန် အနိမ့်ဆုံး ရမှတ် ၄၆၄ မှတ် သတ်မှတ်


၂၀၁၂ ခုနှစ်၊ ပညာသင်နှစ်မှာ စတင် သင်ကြားမယ့် ၀ိဇ္ဇာဘွဲ့ ခရီးသွား လုပ်ငန်း ဘာသာရပ်ကို တက်ရောက် သင်ကြား လိုတဲ့ တက္ကသိုလ်ဝင်တန်း
အောင်မြင်ပြီး ကျောင်းသား၊ ကျောင်းသူ များအတွက် အနိမ့်ဆုံး ရမှတ် ၄၆၄ မှတ် သတ်မှတ် ပေးလိုက်ပြီ ဖြစ်တယ်လို့ ပညာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ၀ိဇ္ဇာဘွဲ့ ခရီးသွား လုပ်ငန်း ဘာသာရပ် အတွက် အနိမ့်ဆုံး ရမှတ် ၄၆၄ မှတ် သတ်မှတ်မှုကို အောက်မြန်မာပြည်မှ တက္ကသိုလ်ဝင်တန်း အောင်မြင် သူများ အတွက် သတ်မှတ် ပေးထားတာ ဖြစ်ပြီး အထက်မြန်မာပြည် အောင်မြင်သူများ အတွက် ကိုတော့ အနိမ့်ဆုံး ရမှတ် ၄၅၂ သတ်မှတ် လိုက်တာ ဖြစ်ပါတယ်။

အဲ့ဒီ ဘာသာရပ်ကို တက်ရောက် လိုတဲ့ ကျောင်းသား၊ ကျောင်းသူ တွေဟာ အောက်မြန်မာပြည် အတွက် ဗိုလ်တထောင် မြို့နယ်ရှိ အမျိုးသား စီမံခန့်ခွဲမှု ပညာ ကောလိပ်မှာ တက်ရောက် ကြရမှာ ဖြစ်ပါတယ်။ အထက် မြန်မာပြည်မှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူတွေ ကတော့ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မန္တလာ ကောလိပ်မှာ တက်ရောက် ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီဝိဇ္ဇာဘွဲ့ ခရီးသွား လုပ်ငန်း ဘာသာရပ် တက်ရောက် နိုင်ဖို့ အတွက် ကိုလည်း အောက်မြန်မာပြည်မှ ၁၃၁ ဦးနဲ့ အထက် မြန်မာပြည်မှ ၁၃၀ ဦး တို့ကို ရွေးချယ် ထားပြီး ဖြစ်ပါတယ်။

ဒီလို ရွေးချယ် ထားပြီး အဲ့ဒီ ဘာသာရပ် အတွက် သင်ရိုးညွှန်းတမ်းများ၊ သင်တန်း အချိန်ဇယား၊ သင်ကြားမယ့် ဘာသာရပ်များနဲ့ ပတ်သက်ပြီး တော့လည်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီး ဌာနမှ တာဝန်ရှိ သူများနဲ့ ပညာရေး ၀န်ကြီးဌာနမှ တာဝန်ရှိ သူများက ဆွေးနွေး ညှိနှိုင်းခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဘာသာရပ် စတင် ဖွင့်လှစ်မှု ကိုတော့ ဒီဇင်ဘာလမှာ သင်ကြား ပေးသွားမှာ ဖြစ်ပြီး ၄ နှစ်ကြာ တက်ရောက် ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့