Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 19 November 2012

အိုဘားမား မရောက်ရှိမီ နာရီပိုင်းအလို ထိုင်းတောင်ပိုင်းတွင် ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား

ထိုင်းနိုင်ငံသို့ အမေရိကန်သမ္မတ အိုဘားမား ရောက်ရှိရန် နာရီပိုင်း အလိုတွင် နိုင်ငံတောင်ပိုင်း၌ သူပုန်များက မီးရထားတစ်စင်းအား ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ မီးရထားလမ်း လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးသွားကြောင်း AP သတင်းက ပြောကြားသည်။

ယနေ့ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးမှာ ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားပြီး အခြား ဒဏ်ရာရရှိသူ ၁၅ ဦးကို ဆေးရုံသို့တင်ပို့လိုက်ရသည်။

ယခုတိုက်ခိုက်မှုမှာ အမေရိကန်သမ္မတ အိုဘားမာ လာရောက်သည့် သီတင်းပတ်ကုန်အတွင်း ထိုင်းနိုင်ငံတွင် ဖြစ်ပွားသည့် ဒုတိယအကြိမ်မြောက် တိုက်ခိုက်မှုလည်းဖြစ်သည်။

ပထမအကြိမ်ဖြစ်ပွားခဲ့သည့် မော်တော်ဆိုင်ကယ်ဗုံးပေါက်ကွဲမှုအတွင်း လူတစ်ဦး သေဆုံးခဲ့သည်။ အမေရိကန်သမ္မတ အိုဘားမားသည် ၎င်း၏ အာရှခရီးစဉ်အတွင်း ထိုင်း၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ လာရောက်မည်ဖြစ်သည်။

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ၂၀၀၄ ခုနှစ်ကစ၍ အစ္စလာမ်မစ်သူပုန်
အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူပေါင်း ၅,၀၀၀ ကျော်
သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Planet Myanmar Network


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့