Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 19 November 2012

အိုဘားမား မရောက်မီ အကျဉ်းသား ၆၆ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ထပ်ပေး

အမေရိကန် ပြည်ထောင်စုသမ္မတ ဘားရတ်အိုဘားမား မြန်မာနိုင်ငံ ရန်ကုန်မြိ့သို့ အလုပ်သဘော ခရီးမရောက်မီ အကြိုညတွင် မြန်မာနိုင်ငံတော် သမ္မတက အကျဉ်းသား ၆၆ဦးအား လွတ်ငြိမ်း ချမ်းသာခွင့်ပြု လိုက်ကြောင်း သိရသည်။

ထိုလွတ်ငြိမ်းချမ်းသာခွင့် သတင်းကို နိုဝင်ဘာ ၁၈ရက်ည ၈နာရီ အစိုးရသတင်း အစီအစဉ်များတွင် ကြေညာထုတ်လွှင့် သွားခြင်းဖြစ်သည်။

“လွှတ်ပေးမယ့် အကျဉ်းသားတွေ အားလုံးဟာ နိုင်ငံရေး အကျဉ်းသားတွေလို့ ပြောဆိုထား သူများ ဖြစ်ပါတယ်။လူ့အခွင့်အရေး လှုပ်ရှားသူ ဦးမြင့်အေးတို့လို၊ ABSDF ကသူတွေလို သူတွေ ပါဝင်ပါလိမ့်မယ်” ဟု အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။

သတင်းတွင် နိုဝင်ဘာ ၁၅ရက်နှင့် ၁၆ရက်များတွင် စိစစ်ပြီး ထိုအကျဉ်းသားများအားလွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟုကြေညာသွားသည်။

Yangon Media Group


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့