Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 19 November 2012

ရခိုင်ပြည်နယ် ပဋိပက္ခ ကောင်းမွန်စွာ မဖြေရှင်းနိုင် ပါက အစွန်းရောက်ဝါဒ ကြီးထွားနိုင် ဟုဆို

ဖနွမ်းပင်၊ နိုဝင်ဘာ ၁၈

မြန်မာနိုင်ငံ ရခိုင် ပြည်နယ် တွင် ဖြစ်ပွားနေသော ပဋိပက္ခ ကို ကောင်းမွန်စွာ ကိုင်တွယ် မဖြေရှင်း နိုင်ပါက ဒေသတွင်း အစွန်း ရောက်ဝါဒ အင်အား ကြီးထွား လာမှုကို ပိုမို တွန်းအား ပေးနေ သကဲ့သို့ ဖြစ်သွား နိုင်ကြောင်း အာဆီယံ အတွင်းရေးမှူး ချုပ် ဆူရင်ပစ်ဆူဝမ်က အာဆီယံ လူ့အခွင့်အရေး ကြေညာချက် ထုတ်ပြန် အပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆို လိုက်သည်။

အထက်ပါ အကြောင်း အရာကို အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်ကို RFA (လွတ်လပ်သော အာရှအသံ) သတင်း ဌာနမှ မေးမြန်းချက် ကို ပြန်လည် ဖြေကြား ခဲ့ခြင်း ဖြစ်သည်။

အာဆီယံ လူ့အခွင့်အရေး ဆိုင်ရာ ကြေညာချက်ကို မြန်မာနိုင်ငံ အနေဖြင့်လည်း ယင်း ကြေညာချက် တွင် ပါဝင်သည့် အတိုင်း လိုက်နာမည် ဖြစ်ကြောင်း ဖနွမ်းပင် အာဆီယံ အစည်းအဝေး တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဝဏ္ဍမောင်လွင် က မီဒီယာ များကို ပြောကြားသည်။

ဖနွမ်းပင် မြို့ရှိ ငြိမ်းချမ်းရေး နန်းတော် (Peace Palace) တွင် ယနေ့ ကျင်းပ နေသော အာဆီယံ ထိပ်သီး အစည်းအဝေး တွင် အချက် ၅၁ ချက် ပါသော အာဆီယံ လူ့အခွင့်အရေး ဆိုင်ရာ ကြေညာချက် ကို ယနေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ ခန့်တွင် အာဆီယံ ၁၀ နိုင်ငံရှိ ခေါင်းဆောင်များ လက်မှတ် ရေးထိုးကာ ထုတ်ပြန်ခဲ့သည်။

ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့၌ ကျင်းပနေသည့် အာဆီယံ ထိပ်သီး အစည်းအဝေး သို့ အာဆီယံ ခေါင်းဆောင်များ အပါအဝင် သမ္မတနှင့် ဝန်ကြီးချုပ် စုစုပေါင်း ၁၅ဦး တက်ရောက်မည် ဖြစ်သည်။

အာဆီယံ ၁၀ + ၃ နိုင်ငံ ခေါင်းဆောင်များ အပြင် အမေရိကန် သမ္မတ အိုဘားမား၊ နယူးဇီးလန် ဝန်ကြီးချုပ် ဟွန်ဂျွန်ကေး၊ သြစတြေးလျ န်ကြီးချုပ် ဂျူလီယာဂေးလတ်၊ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းမ် တို့လည်း တက်ရောက်မည် ဖြစ်ကာ အစိုးရ အဖွဲ့ဝင် ကြီးများ လည်း တက်ရောက် မည် ဖြစ်သည်။ ၂၁ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး နှင့် ဆက်စပ် အစည်းအဝေး များကို ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့ ၌ ယခုလ ၁၅ ရက်နေ့ မှ ၂၀ ရက်နေ့ ထိ ကျင်းပမည် ဖြစ်သည်။

ရခိုင်ပြည်နယ် တွင် ဇွန်လ အတွင်းက စတင် ဖြစ်ပွား ခဲ့သော ပဌိပက္ခ များကြောင့် သေဆုံးသူ ၁၃၉ ဦး၊ ဒဏ်ရာ ရရှိသူ ၁၉၀ ဦး၊ အိုးမဲ့ အိမ်မဲ့ ဒုက္ခသည် ၉၃၆၉၃ ဦး၊ နေအိမ် အပျက်အစီး ၇၅၈၁ လုံး၊ ဘာသာရေး အဆောက်အအုံ ၁၄ လုံးနှင့် ဒေသန္တရ လုပ် တူမီးသေနတ် ၁၈၀ လက် ဖမ်းဆီး ရမိခဲ့ကြောင်း အစိုးရက တရားဝင် ထုတ်ပြန်ထားပြီး ယခု အချိန်အထိ ဒေသ အလိုက် အုပ်စုဖွဲ့ အကြမ်းဖက်မှု များ ရှိနေသေးကြောင်း ဒေသခံ များနှင့် ရခိုင်ပြည်နယ် အစိုးရထံမှ သိရသည်။

The Voice Weekly


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့