Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 19 November 2012

မိုးညှင်းမြို့တွင် ဈေးသူ ဈေးသားများ ပထမဆုံး ဆန္ဒထုတ်ဖော်

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ညောင်ပင်ဈေး မပြောင်းရွှေ့ ရရေးနှင့် ပတ်သက်၍ ဈေးသူဈေးသား များက ပထဆုံး အကြိမ် ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း ယင်း ဈေးသူဈေးသား တို့က The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

ညောင်ပင် အခွန်လွတ် ဈေးကို နိုဝင်ဘာ ၂၀ ရက်နေ့တွင် ပြောင်းရွှေ့ ရမည် မိုးညှင်း မြို့နယ် စည်ပင် သာယာရေး ကော်မတီက ကြေညာ ခြင်းကြောင့် ဆန္ဒ ထုတ်ဖော်ခြင်း ဖြစ်သည်။
“ဈေးသူဈေးသား နဲ့ ပြန်ညှိနှိုင်းဖို့ သဘော တူညီ လိုက်ပါပြီ” ဟု ဆန္ဒ ထုတ်ဖော်ပွဲ ၏ တာဝန်ခံ ကိုဗညားနိုင် က ဆိုသည်။

စည်ပင်သာယာရေး ကော်မတီက နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဦးရာလူ မဲစနစ်ဖြင့် အောင်သပြေဈေး ၌ နေရာ ချထား ပေးမည်ဖြစ်ပြီး မပြောင်းရွေ့ ပါက တည်ဆဲ ဥပဒေအရ အရေး ယူသွားမည် ဖြစ်ကြောင်း နှိုးဆော်စာ ထုတ်ထားသည်။

မိုးညှင်းမြို့မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလေး က “ဈေးသူ ဈေးသား တွေရဲ့ အခက်အခဲကို လွှတ်တော်မှာ တင်ပြပါတယ်။ မြို့ပြ အင်္ဂါရပ်နဲ့ မကိုက်ညီ တဲ့အတွက် ပြောင်းရွေ့ ရမယ်လို့ ပြည်ထောင်စု ဝန်ကြီးက ပြန်ဖြေ ထားပါတယ်” ဟု ရှင်းပြ သည်။ ဈေးသူ ဈေးသားများ ပါဝင်သော လူ၃၀၀ခန့် သည် မိုးညှင်းမြို့ အနှံ့ စီတန်း လှည့်လည်ကာ ဆန္ဒ ထုတ်ဖော် ခဲ့ကြသည်။

The Voice Weekly



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့