Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 17 November 2012

အိုဘားမားကြောင့် ရန်ကုန်လေဆိပ် နှစ်နာရီကြာ ပိတ်မည်


ရန်ကုန်၊ နိုဝင်ဘာ-၁၇

အမေရိကန်သမ္မတ လာရောက်မည့် နိုဝင်ဘာ ၁၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား နံနက်တွင် တစ်ကြိမ် ညနေတွင် တစ်ကြိမ် ပိတ်ထားမည်ဟု သတင်းရရှိသည်။

''မနက်ပိုင်းက ၈ နာရီကနေ ၉ နာရီထိ တစ်ကြိမ် ပိတ်မယ်။ ညနေပိုင်းက ၃ နာရီကနေ ၄ နာရီထိ ပိတ်မယ်'' အေးရှားဝင်း လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ကြောင့် နိုဝင်ဘာ ၁၉ ရက်တွင် ပုံမှန် ၈နာရီ ၄၀ မိနစ်တွင် ပျံသန်းသော ရန်ကုန်-စင်ကာပူ ခရီးစဉ်အား မိနစ် ၄၀ စော၍ နံနက် ၈ နာရီတွင် ထွက်ခွာမည်ဟု အမ်အေအိုင် လေကြောင်းလိုင်းဈေးကွက် မန်နေဂျာ ဒေါ်အေးမရသာက ပြောသည်။

ထို့အပြင်အခြားသော ပြည်တွင်း၊ ပြည်ပလေကြောင်းလိုင်းမှာလည်း နိုဝင်ဘာ ၁၉ ရက်တွင် ပျံသန်းမည့် လေယာဉ်အချိန်များကိုအပြောင်းအလဲလုပ်ထားကြောင်း ပြည်တွင်း၊ ပြည်ပလေကြောင်း လိုင်းအချို့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီကျော်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာမည် ဖြစ်သည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့