Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 17 November 2012

ကျေးလက် အရစ်ကျမိုဘိုင်းဖုန်း အပိုဆောင်းပေးဆောင်ရမှုရှိနေ


သံတွဲ၊ နိုဝင်ဘာ ၁၇၊ ၂၀၁၂၊ YPI

ကျေးလက် ဒေသများ အတွက် GSM ဆင်းကတ်ကို အရစ်ကျ စနစ်ဖြင့် ရောင်းချ ပေးလျှက် ရှိရာတွင် သံတွဲမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး အချို့က သတ်မှတ် နှုန်းထားထက် ပိုမိုကောက်ခံ နေကြောင်း ဒေသခံများက ပြောသည်။

ဒွါရာဝတီမြို့သစ် ဒေသခံတစ်ဦးက“ မှတ်ပုံတင် မိတ္တူ နှစ်စောင်ပေးရတယ်။ ခရီး စရိတ်ဆိုပြီး နှစ်ထောင် ပေးရတယ်။ တချို့ဆိုရင် ၅ ထောင်ပေးရတယ် လို့ပြောတယ်။ အ.ထ.က (၂) ကျောင်းရန်ပုံငွေ ကံစမ်းမဲ နှစ်စောင် ၀ယ်ရတယ်” ဟုပြောသည်။

၂ သိန်းတန် GSM ဆင်းကတ်ကို အရစ်ကျစနစ်ဖြင့် ရောင်းချသည့် အစီအစဉ်အရ ၀ယ်ယူသူ အနေဖြင့် ပထမလတွင် ၄ သောင်းကျပ် ပေးသွင်းရပြီး ကျန်ရှိသည့် လများ၌ ကျပ်တစ်သောင်းစီ ပေးသွင်း ရမည်ဖြစ်သည်။

သံတွဲမြို့နှင့် ၇ မိုင်ခန့်ဝေးသည့် ဆင်ခေါင်းကျေးရွာတွင်လည်း ခရီးစရိတ်အဖြစ် အပိုကြေး ၅ ထောင်စီ ပေးနေရကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

အကယ်၍ ဖုန်း SIM ကတ် ပျက်စီးခဲ့လျှင် အခမဲ့လဲလှယ်ပေးသည် ဆိုသော်လည်း စစ်တွေသို့ ပို့ဆောင်ရသည့် ခရီးစရိတ်ဟုဆိုကာ ငွေတစ်သောင်းခွဲပေးခဲ့ရကြောင်း SIM ကတ်ပျက်စီး၍ ဆက်သွယ်ရေးရုံးတွင် သွားရောက် ဆောင်ရွက်ခဲ့သူ တစ်ဦးက ပြောသည်။

ယခုရောင်းချသည့် အရစ်ကျစနစ်မှာ ဖုန်းဈေးနှုန်းလျော့ကျသွားပါက ၎င်းဈေးနှုန်းအတိုင်း ပေးချေရမည် ဖြစ်ကြောင်း ငှားရမ်းသောစာချုပ်တွင် ဖော်ပြထားသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့