Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 10 November 2012

အများပြည်သူ ၀န်ဆောင်မှု သတင်းစာများ အတွက် ကျင့်ဝတ် ပြဋ္ဌာန်းချက်များ ထုတ်ပြန်


ပြည်တွင်းရဲ့ နိုင်ငံပိုင် သတင်းများကို အများပြည်သူ ၀န်ဆောင်မှု သတင်းစာများ အဖြစ် ပြောင်းလဲ ရာမှာ လိုအပ်တဲ့ မူဝါဒများ၊ ကျင့်ဝတ် များနဲ့ အယ်ဒီတာများ
အတွက် လမ်းညွှန်ချက်များ ချမှတ်နိုင်ဖို့ အတွက် သတင်းစာအုပ်ချုပ်ရေး အဖွဲ့ကို ယခုနှစ် အောက်တိုဘာ လအတွင်းက ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ အဖွဲ့ဟာ အများပြည်သူ ၀န်ဆောင်မှု သတင်းစာများ အတွက် ကျင့်ဝတ် ပြဋ္ဌာန်းချက် များကို အချက် ၁၆ ချက်ဖြင့် ပြဋ္ဌာန်း လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ  ပြဋ္ဌာန်းချက်ထဲ မှာတော့ သတင်းစာ ဆရာများဟာ အများပြည်သူတို့ သိရှိဖို့ ထုတ်ပြန်တဲ့ သတင်းတိုင်းမှာ အချက်အလက် တိကျမှန်ကန်မှု ရှိစေဖို့ အစွမ်းကုန် စိစစ်ရမှာ ဖြစ်ပြီး ပုံနှိပ် ဖော်ပြချက် မပြုမီ သတင်း အားလုံးကို တတ်စွမ်းသမျှ စစ်ဆေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မည်သည့် သတင်း အချက်အလက် ကိုမျှ မိမိတို့ လိုရာသို့ ဆွဲရေးခြင်း များကို ရှောင်ရှားရမှာ ဖြစ်သလို လိုရင်း အချက်အလက်များ ကိုလည်း တမင်သက်သက် ထိမ်ချန်ထားခြင်းများ မပြုလုပ် ရဘူးလို့ သိရပါတယ်။

ဒါ့အပြင် တရားရုံး သတင်းများ ရေးသား ဖော်ပြရာမှာ စီရင်ပိုင် ခွင့်ရှိတဲ့ တရားရုံးကို မထီမဲ့မြင် ပြုရာရောက်တဲ့ ဖော်ပြခြင်းများနဲ့ တရား စီရင်ရေးကို ထိပါးစွက်ဖက် နှောက်ယှက်ရာ ရောက်စေမယ့် ရေးသား ဖော်ပြမှုများ ကိုလည်း မပြုလုပ် ရဖူးလို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှုတွေ အပြင် အကျင့်သိက္ခာ ပျက်ပြားစေမယ့် ရေးသားမှုများ အပြင် သိမ်ဖျင်းတဲ့ စကားလုံး အသုံးအနှုန်းများ အစရှိတဲ့ အချက်များကိုပါ ပုံနှိပ် ထုတ်ဝေခြင်း မပြုရဘူးလို့ သိရပါတယ်။ အဲဒီလို ဆောင်ရွက်မှုတွေ အပြင် အများပြည်သူ ၀န်ဆောင်မှု သတင်းစာ အုပ်ချုပ်ရေး အဖွဲ့ဟာ အများပြည်သူ ၀န်ဆောင်မှု သတင်းစာများ အဖြစ် ပြောင်းလဲ ဆောင်ရွက်မယ့် မြန်မာ့အလင်း၊ ကြေးမုံနဲ့ New Light of Myanmar သတင်းစာများကို အဆိုပါ ဆောင်ရွက်ချက် များနဲ့အညီ သတင်းများ ရေးသား ဖော်ပြ သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့