Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday, 10 November 2012

လူမှုကာကွယ်ပေးရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးလျက်ရှိ


အလုပ်သမား ၀န်ကြီးဌာန၊ လူမှုဖူလုံရေး အဖွဲ့နဲ့ အပြည်ပြည် ဆိုင်ရာ အလုပ်သမား ILO တို့ ပူးပေါင်းပြီး Introduction to the Social Protection Floor
ခေါင်းစဉ်နဲ့ လူမှု ကာကွယ်ပေး ရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့တဲ့ ဆွေးနွေးမှု တစ်ခုကို နိုဝင်ဘာလ ၉ ရက်နေ့က မြန်မာအင်ဖိုတက်မှာ ပြုလုပ် ကျင်းပခဲ့ တယ်လို့ သိရပါတယ်။ အခုလို လူမှုရေး အရ အကာအကွယ် ပေးမှုဆို ရာမှာတော့ ဆင်းရဲ နွမ်းပါးမှုနဲ့ လူမှုရေး ခံစားခွင့်များ ချို့တဲ့မှုများကို စီးပွားရေး အရရော လူမှုရေးအရပါ ခံစားနေရရှာ သူများအတွက် ကာကွယ် စောင့်ရှောက်မှု တင်မကဘဲ ဆိုးကျိုးများ လျော့နည်း စေဖို့နဲ့ ဆိုးကျိုးများ ပပျောက်အောင် ကူညီ ဆောင်ရွက်ပေးမှု များကို ရည်ရွယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက် သွားရမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ ILO ရဲ့ လူမှုရေး အကာအကွယ် ပေးမှုဆိုင်ရာ အဓိက ရည်မှန်းချက်တွေ အနေနဲ့တော့ လူမှုဖူလုံရေး စီမံကိန်းတွေရဲ့ လက်ရှိ အကျုံးဝင် အကာအကွယ် ပေးနိုင်မှုနဲ့ အကျိုး သက်ရောက်မှု တို့ကို တိုးချဲ့ဆောင်ရွက် သွားမှာ ဖြစ်သလို သင့်လျော် ကောင်းမွန်တဲ့ လုပ်ခ လစာနဲ့ အချိန်၊ လုပ်ငန်းခွင် လုံခြုံရေးနဲ့ ကျန်းမာရေးတို့ ပါဝင်တဲ့ လုပ်ငန်းခွင် အခြေအနေ ကိုလည်း ဖော်ဆောင် ပေးသွားနိုင်ဖို့ ဆောင်ရွက် လျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွှေ့ပြောင်း အလုပ်သမားများ အရေးနဲ့ အခြေခံ လူတန်းစား တွေကို ကာကွယ် စောင့်ရှောက် ပေးနိုင်မယ့် အစီအစဉ်တွေ အပြင် ခုခံအားနည်း ရောဂါ၊ ကပ်ရောဂါများ ကိုလည်း ကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ ဆောင်ရွက်မှုများ အကောင်အထည်ဖော် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲ မှာလည်း အဆိုပါ အကြောင်းအရာ များကို အဓိကထား ဆွေးနွေးခဲ့ပြီး လူမှုဖူလုံရေး နည်းဥပဒေ ထွက်ရှိရေး ဆိုင်ရာ ကိစ္စရပ်များ ကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့