Japan Initiative Project and Program Management Seminar (P2M) in Mynnamr 2012 ကို နိုဝင်ဘာလ ၉ ရက်နေ့က UMFCCI မှာ
ပြုလုပ်ခဲ့ ပါတယ်။ အဆိုပါ Seminar မှာတော့ ဂျပန်နိုင်ငံ Engineering Advancement Association of Japan(ENAA) မှ ကိုယ်စားလှယ် အဖွဲ့က လာရောက် ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဆွေးနွေးရာ မှာလည်း ဂျပန်နိုင်ငံ ENAA အဖွဲ့မှ ကိုယ်စားလှယ် များက Project and Program Management Seminar (P2M) ရဲ့ စီမံကိန်းရဲ့ အစီအစဉ် ဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ Japan Initintive Project and Program Management Seminar (P2M) in Myanmar 2012 ကိုတော့ မြန်မာနိုင်ငံရဲ့ အနာဂတ် ဖွံ့ဖြိုး လာမယ့် စက်မှု ဆိုင်ရာ တိုးတက် လာမှုများကို အကျိုးပြု စေဖို့ ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ ဆီမီနာမှ ဆွေးနွေးမှု များကို ပြည်တွင်းရှိ အင်ဂျင်နီယာများ ကဏ္ဍ၊ ဆောက်လုပ်ရေး ကဏ္ဍ၊ အိုင်တီနဲ့ အခြားကဏ္ဍ အသီးသီးရဲ့ Project and Program Management များမှာ အကျိုးရှိရှိ ပြန်လည် အသုံးချ နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:
Post a Comment