ပြည်တွင်းရှိ ၀န်ကြီးဌာနများ ထဲကမှ ၀န်ကြီးဌာန ၂ ခုကို အမည် ပြောင်းလဲဖို့ အတွက် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု လိုက်ပြီ ဖြစ်တယ်လို့
သက်ဆိုင်ရာ နိုင်ငံပိုင် သတင်းစာ များမှာ ဖော်ပြပါရှိ ချက်များအရ သိရပါတယ်။ ဒီလို အတည်ပြုရာ မှာလည်း ၀န်ကြီး ဌာန ၂ ခုဖြစ်တဲ့ ယခင် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီး ဌာန အမည်ကို ဆက်သွယ်ရေး သတင်း အချက်အလက် နည်းပညာ ၀န်ကြီး ဌာနသို့ ပြောင်းလဲပြီး၊ ယခင် အလုပ်သမား ၀န်ကြီးဌာန အမည်ကို အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ၀န်ကြီး ဌာနဟု အမည်ပြောင်းလဲ သတ်မှတ်ခြင်းကို သဘောတူကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ အခုလက်ရှိ မှာတော့ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန အမည်ကို ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန အဖြစ်သို့ အမည်ပြောင်းလဲ ရုံသာဖြစ်ပြီး အခုလို ပြောင်းလဲ ရတာဟာ ခေတ်အခြေအနေနဲ့ လိုက်လျော ညီထွေရှိစေဖို့ အတွက် ပြောင်းလဲတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:
Post a Comment