မြောက်ဦး၊နိုဝင်ဘာလ ၉။ ရခိုင်ပြည်နယ် အတွင်း အောက်တိုဘာလ ၂၁ ရက်တွင် ပြန်လည် ဖြစ်ပွားခဲ့သော ပဋိပက္ခစတင်ရာမြောက်ဦးအရပ်၌ ဒေသတွင်း ဆူပူသောင်းကျန်းမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဒုက္ခသည်များသည် မြောက်ဦး၊ မင်းပြားအရပ်ရှိဒုက္ခသည်ကယ်ဆယ်ရေးဘုန်းတော်ကြီးကျောင်းများတွင်သာသီတင်းကျွတ်ခဲ့ရသည်။
“ဇွန်လကနေစပြီးတစ်ရက်မှကောင်းကောင်းအိပ်မရတဲ့အပြင် ည ၄ နာရီဆိုတာနဲ့ အိမ်ကမြေးတွေကိုအပြင်မထွက် ခိုင်းတော့ဘူး” ဟုအသက်(၆၂) အရွယ်ရှိအိုမင်းမစွမ်းဖြစ်နေသောရခိုင်အဘိုးအိုဦးမင်းအောင် က မိမိတို့၏အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြခြင်းဖြစ်သည်။ သူနေထိုင်သောယဉ်သေကျေးရွာအုပ်စု၊ ဘူးချောင်းကျေးရွာမှ အိမ်ခြေ ၅၀ ခန့်ရှိသောရခိုင်လူမျိုးတို့သည်အိုးအိမ်ကိုစွန့်ခွါကာမြောက်ဦးမြို့ရှိရွှေကြာပင် ဘုရားသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။
ဇွန်လအတွင်းရခိုင်ပြည်နယ်၊ကျော်နီမော်ကစတင်ခဲ့သောအဖြစ်အပျက်ကြောင့် ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီလူမျိုးတို့ ပဋိပက္ခဖြစ်ပွားခဲ့ပြီးရခိုင်ပြည်နယ်နေရာအနှံ့တွင်မီးဟုန်းဟုန်းတောက်ကာဒေသစီးပွားရေး၊ လူမှုရေးများကျဆင်းခဲ့ရပြီးခဲ့ရသည်။ အဆိုပါကာလအတွင်းတွင်လည်းသေဆုံးသူ(၅၀)ဦး၊ဒဏ်ရာရရှိသူ(၅၄)ဦးနှင့်လူနေအိမ်(၂၂၃၀)နှင့် ဘာသာရေးအဆောက်အအုံ ၁၄ ခုဆုံးရှုံးကာလူဦးရေ ၆၁၄၆၂ ဦးတို့ ဒုက္ခသည်ဖြစ်ခဲ့ရကြောင်း နိုင်ငံတော်သမ္မတရုံးကထုတ်ပြန်ထားသည်။
ထို့အပြင် နီးစပ်ရာအေးချမ်းတည်ငြိမ်သည့် အရပ်များသို့ စာရင်းမ၀င်သည့် ဒုက္ခသည် သောင်းဂဏန်းခန့်သည်လည်းစီးပွားရေးလုပ်ကိုင် မှုများရပ်ဆိုင်း၍ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ယခုအောက်တိုဘာလတွင်း ဖြစ်ပွားသောပဋိပက္ခကြောင့် မြောက်ဦးမြို့နယ်ရှိဒုက္ခသည်စခန်းပေါင်း ၄ ခုတွင် ဒုက္ခသည် ပေါင်း ၂၀၀၀ ၀န်းကျင်ခန့်ရှိပြီးမင်းပြားမြို့နယ်တွင်းဒုက္ခသည်ပေါင်းသောင်းဂဏန်းခန့် အစိုးရ၏ထောက်ပံ့မှုကိုရယူနေရကြောင်းသိရသည်။
သမ္မတရုံး၏ အောက်တိုဘာတွင်းထုတ်ပြန်ခဲ့သောသတင်းအရဒုက္ခသည် ၃၂၂၃၁ ဦးအိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ ကြောင်းသိရသည်။ မြို့ဦးခေါင်းဆရာတော် အရှင်ဝဏ္ဏသာရက “ဖြစ်ဖြစ်ချင်းနီးစပ်ရာရွာတွေမှာခိုလှုံနေကြတယ်။ဒါပေမယ့် လုံခြုံရေးအရစိတ်မချရတဲ့အခါ ဆရာတော်တို့ဆီကိုလာကြတာပေါ့” ဟုဒုက္ခသည်များအားလက်ခံခဲ့ရပုံကိုမိန့်ကြားသည်။
“ကျနော်တို့မှာအလုပ်အကိုင်တွေလဲပျတ်တယ်။စားဝတ်နေရေးလဲမပြေလယ်ဘူး၊ ဆူပူသောင်းကျန်းမှုတွေကြောင့် ရွာတွေထဲကအပြင်ထွက်ခွင့်လဲမရဘူး၊လုပ်ကိုင်စားသောက်ဖို့လည်းမလွယ်ကူဘူး”ဟုသဲချောင်းဒုက္ခသည် စခန်းရှိသို့ရောက် ရှိနေသောဘင်္ဂါလီဒုက္ခသည်တစ်ဦးကဆိုသည်။ ပြန်လည်တည်ငြိမ်စပြုနေပြီဖြစ်သော်လည်းရခိုင်လူမျိုးများ၏ ရင်ထဲတွင်ရှိသောအကြောက်တရား၊နာကြည်းချက်နှင့် အမုန်းတရားတို့သည် တည်ငြိမ်အေးချမ်းသည့်အခါတွင်ပင် အတူယှဉ်တွဲနေထိုင်ရန်မဖြစ်နိုင်ကြောင်းမြောက်ဦးမြို့နယ်ဒေသခံ ၀ံလက်ဖောင်ဒေးရှင်းမှ ကိုအောင်စိုးမြင့်က ပြောသည်။
“ဘင်္ဂါလီလူမျိုးကတိုင်းရင်းသာလဲမဟုတ်ဘူး၊ခိုးဝင်လာတဲ့လူမျိုးစုတွေ အဲဒီလူတွေကဒီမှာနေသေးတယ်ဒီကလူတွေ ကိုဒုက္ခပေးကြတယ်။မိန်းခလေးတွေ ရေချိုးနေရင်ကြည့်ကြတာတို့၊ မဖွယ်မရာလုပ်ပြတာတို့လုပ်ကြတယ်။ဒါဟာကျနော်တို့ ဗုဒ္ဓဘာသာဓလေ့ကောယဉ်ကျေးမှုကောနဲကဘယ်လိုမှမအပ်စပ်ဘူး” ဟု ၄င်းကဆိုသည်။ “ဧည့်သည်ဟာဧည့်သည်လိုနေရမယ်။ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ သူတို့နိုင်ငံကလူတွေကိုမစော် ကားဘူး၊ဧည့်သည်ဆိုတဲ့အတိုင်းနေကြထိုင်ကြတယ်။နိုင်ငံတော်အစိုးရကဘဲဒေသခံတွေအတွက် လုပ်ပေးမှရမယ်။ဗုဒ္ဓဘာသာတွေဆိုတာသွေးထွက်သံယိုဖြစ်တာကိုမကြိုက်ဘူး” ဟု အရှင်ဝဏ္ဏသာရ ကမိန့်သည်။
အောက်တိုဘာအတွင်း ပြန်လည်ဖြစ်ပွားခဲ့သောပဋိပက္ခကြောင့် ဒေသအတွင်း စီပွားရေးလူမှုရေးများကျဆင်းလျက်ရှိနေသော်လည်းဆူပူသောင်းကျန်းသူများအားကြောက်ရွံနေ ရသောကြောင့် ပြန်လည် ပွင့်လင်းစွာအလုပ်အကိုင်ရန်အတွက်မှာမူမလွယ်ကူနိုင်သေးကြောင်းရခိုင်အဘိုးအိုဦးမင်းအောင် က“ဘယ်အချိန်အိမ်ပြန်ရမလဲခန့်မှန်းရခက်နေတယ်”ဟုညွှန်းဆိုသွားခဲ့သည်။
မြောက်ဦးမြို့ရှိဘုန်းတောင်ကြီးကျောင်းများတွင် ဒုက္ခသည်များသည် ယခုလက်ရှိစားဝတ်နေရေး ပြေလည်စေရန် အဘက်ဘက်မှ ကူညီရိုင်းပင်းသော ပြည်တွင်းလူမှုအဖွဲ့အစည်းများရှိသော်လည်းရေရှည်မငြိမ်သက်မှုမရှိပါကဒုက္ခသည် များအပြင် ကူညီထောက်ပံ့နေသောအဖွဲ့အစည်းများပါ အခက်အခဲများဖြစ်လာနိုင်ကြောင်းဦးအောင်စိုးမြင့်က ဆိုသည်။
“ကျမတို့ကအရာရာကိုကြောက်နေရတယ်။ကိုယ့်အိမ်ကိုပြန်ချင်ပေမယ့် ဆူပူသောင်းကျန်းမှုတွေဖြစ်လာတဲ့အခါ ကျမတို့ရဲ့လုံခြုံရေးကို ဘယ်သူကတာဝန်ယူပေးမှာလဲ”ဟုမြောက်ဦးမြို့လက်ကောက်ဈေးကျောင်းတိုက်တွင် ခိုလှုံနေသောအသက် ၃၅ နှစ်အရွယ် ကလေးငယ်တစ်ဦး၏မိခင် ရခိုင်အမျိုးသမီးတစ်ဦးကပြောသည်။ အစိုးရထုတ်ပြန်သော စာရင်းတွင်ပါဝင်သော ဒုက္ခသည်ဦးရေသည် နေအိမ်ဆုံးရှုံးသွား၍ ကယ်ဆယ်ရေးစခန်းများသို့ တရားဝင် ရောက်ရှိသွားသောဒုက္ခသည် များဖြစ်သော်လည်းဇွန်လမှစ၍ မိမိရပ်ရွာအိုးအိမ်အားအကောင်းပကတိမှစွန့်ခွာခဲ့ရသောဒုက္ခသည်ဦးရေမှာထုတ်ပြန်ကြေညာသော စာရင်းထက် မနည်းကြောင်းစစ်တွေ မြို့ ၀ံလက်ဖောင်ဒေးရှင်းမှ ဦးသိန်းထွန်းအေးကပြောသည်။
“အများစုကပဋိပက္ခကိုကြောက်တော့ နီးစပ်ရာမြို့တွေကဘုန်းကြီးကျောင်းဖြစ်ဖြစ်၊ဘင်္ဂါလီဆိုလည်းနီးစပ်ရာစိတ်ချ ရတဲ့ ရပ်ကွက်တစ်ခု၊ကျေးရွာတစ်ခုကိုပြောင်းရွှေ့ခိုလှုံကြရတယ်” ဟုဦးသိန်းထွန်းအေးကဆိုသည်။ ယခုအောက်တိုဘာလတွင်လည်းအဆိုပါ ဆူပူသောင်းကျန်းမှုများအားကြောက်လန့်၍ စစ်တွေမြို့၊မြောက်ဦးမြို့နှင့် မင်းပြားမြို့များသို့ ခိုလှုံနေရကြောင်းသိရသည်။
မြောက်ဦးမြို့ရှိအလိုတော်ပြည့်ကျောင်းတိုက်တွင် ခိုလှုံနေသောရခိုင်အဘိုးအိုတစ်ဦးက “ကိုယ့်အိမ်ကိုယ်ရွာဘဲပြန် ချင်တာပေါ့ ဒါပေမယ့် ဘယ်သူကပြန်ရဲမှာလဲ၊လုံခြုံရေးစိတ်ချရပြီလို့ အစိုးရကဘယ်လောက်ပြောပြော၊ပဋိပက္ခဖြစ်ခဲ့တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်ဘယ်လိုမှအမြင်မကြည်နိုင်ဘူး၊ကျုပ်တို့ မြောက်ဦးအစပ်မှာဆိုရင် ရခိုင်ရွာတွေကတစ်ရွာခြားတွေ မှာဘဲရှိကြတာ”ဟုဆိုသည်။
“ကျနော်တို့မှာစားရသောက်ရတာလည်းအဆင်မပြေဘူး၊ဆန်လည်းမလုံလောက်ဘူး၊ဒေသကိုပို့နေတဲ့ UN တို့ဆီကထောက်ပံ့မှု အချို့ဘဲရတယ်။ရေရှည်မှာဘာလုပ်ရမှန်းကိုမသိဘူး” ဟုသက္ကေပြင်ကျေးရွာရှိအထက်တန်းကျောင်းတစ်ခုတွင်ခိုလှုံနေသောဘင်္ဂါလီဒုက္ခသည်တစ်ဦးကဆိုသည်။ အဆိုပါကိစ္စများနှင့် ဆက်လျဉ်း၍ ရခိုင်ပြည်နယ်လွှတ်တော်တွင်းပဋိပက္ခများနှင့် ဒုက္ခသည်ဆိုင်ရာများအား နိုင်ငံတော် သမ္မတမှ တိုက်ရိုက်ကိုင်တွယ်လျက်ရှိသောကြောင့် တင်သွင်းခွင့်မရသော်လည်း ပြည်သူများအတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကိုထိရောက်စွာကိုင်တွယ်နိုင်မှသာအေးချမ်းတည်ငြိမ် သွားမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စစ်တွေ အမှတ်(၂) မဲဆန္ဒနယ်မှ ဦးအောင်မြကျော်ကပြောသည်။
ဒေသတွင်းရှိသောပါတီများမှလည်းအေးချမ်းတည်ငြိမ်ပြီးတရားဥပဒေစိုးမိုးမှုရှိစေရန်အတွက် လုံခြုံရေးအားတင်းကျပ် သင့်သည့်အပြင် ဥပဒေဖြင့်ဖြေရှင်းမှုများတွင် ထိရောက်စွာကိုင်တွယ်ဖြေရှင်းရန်အလိုရှိကြသည်။ “လုံခြုံရေးကိုဒီထပ်ပိုတင်းကျပ်ပြီးထိထိရောက်ရောက်လုပ်ရမယ်” ဟုရခိုင်ပြည်နယ်ရှိပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီတိုင်းအထွေထွေအတွင်းရေးမှူးဒေါက်တာစန်းရွှေကပြောသည်။ ရခိုင်ပြည်နယ်အနှံ့တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်မှ အစွမ်းကုန်ကြိုးစားနေသည့်အပြင် ဒေသအတွင်းတည် ငြိမ်အေးချမ်းမှုထိန်းသိမ်းနိုင်ရန်အတွက် နယ်စပ်ဒေသများတွင် တာဝန်ထမ်းဆောင်နေကြသော တပ်ရင်းများအား ပြည်နယ်အတွင်း ပြန်လည်နေရာချထားခဲ့ကြောင်း ရခိုင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းမြိုင်ထံမှသိရသည်။
“အခုလောလောဆယ်တော့ အားလုံးတည်ငြိမ်မှုရှိနေပါပြီ၊တည်ငြိမ်အေးချမ်းသွားရင်တော့ ကျေးရွာမြို့နယ်အလိုက် အုပ်ချုပ်ရေးမှူးတွေကတင်ပြလာတဲ့စာရင်းနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့စီစဉ်နေပါပြီ” ဟု ဦးဝင်းမြိုင်ကပြော သည်။ ရခိုင်ပြည်နယ်တွင်းဒုက္ခသည်များသည် ရည်ရှည် စီးပွားရေးဖွံဖြိုးမှုအားနည်းသည့်အပြင် မငြိမ်မသက်နိုင်သောဆူပူသောင်းကျန်းမှုများကြောင့် အိမ်ပြန်ချိန်မှာ အလှမ်းဝေးနေကြပြီဖြစ်သည်။ကလေးသူငယ်များ၏ ဘ၀တက်လမ်းသည်လည်း ပြည်တွင်းစစ်မီးလျှံများကဲ့သို့ ကျောင်းပညာရေးများထိခိုက်လျက် ဒုက္ခသည်စခန်းများတွင် ကျောင်းတော်ရာသို့ အိမ်မက်များသာမက်နေခဲ့ရသည်။ရခိုင်ပြည်နယ်တွင်းဒုက္ခသည်တို့၏ အိမ်ပြန်ချိန်မှာဘယ်အချိန်မှရောက်ရှိလာမည်နည်း။
စူးရှ-The Myanma Age
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Tuesday, 13 November 2012
အိမ်ပြန်ချိန် ဘယ်တော့လဲ
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
November
(1044)
- လက်ပံတောင်းတောင် အကြမ်းဖက်မှုကို မြန်မာသံဃာတော်မျာ...
- သံဃာတော်များကို စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့တရားဝင်ေ...
- ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ တွင် နိုဝင်ဘာလ ၃၀ ...
- မိုးထိမိုးမိ ရွှေလုပ်သားများ အဖွဲ့ခေါင်းဆောင်များ က...
- မိုဘိုင်းဖုန်းများ အင်တာနက်သုံးစွဲမှုကို Time Based...
- လက်ပန်းတောင်း ကြေးနီစီမံကိန်း ဆက်လုပ်ရေး အခြေအနေ ဖ...
- သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှုကို မန္တလေး သံဃာတော်မျ...
- လာဘ်စားမှုများကို ပြည်ထဲရေးဌာန ကိုင်တွယ်အရေးယူမည်
- အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည...
- လက်ပန်တာင်းတောင်ကိစ္စ သမ္မတကြီး တာဝန်မယူ ပါက နှုတ်ထွက...
- ၀န်ကြီးချုပ် ဦးသာအေး ၏ နေ့ဆွမ်းဆပ်ကပ် လှူဒါန်းမှု အ...
- လက်ပန်းတောင်း အကြမ်းဖက်မှု ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချ
- ရဲသုံးဦး လူသတ်မှုကျူးလွန်
- ရှေ့ကသွားနောက်ကလိုက် အနာဂတ်ကို ကိုက်ခဲနေတဲ့ ယမကာ ယ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- မုံရွာကြေးနီစီမံကိန်း သုံးသပ်ချက် တရုတ်သံရုံး ထ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- တကယ်မွှေးမှာလား ကံ့ကော်မြေ
- သပိတ် စခန်းတွေကို အင်အားသုံး ဖြိုဖျက်ဖို့  နေပြည်ေ...
- နျူပစ္စည်းတွေကိစ္စ သမ္မတ ဦးသိန်းစိန်ကို ကန်အထက် လွှတ်ေ...
- နိုဝင်ဘာ ၃၀ ရက်နေ့ထုတ် Premier Eleven Sports Journ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- “ ဤ ”ကို “ကျွဲ” ဖတ်ရန်အတွက် အုပ်စုဖွဲ့ ညီညွတ်ကြလေေ...
- “ ဤ ”ကို “ကျွဲ” ဖတ်ရန်အတွက် အုပ်စုဖွဲ့ ညီညွတ်ကြလေေ...
- အစိုးရက ဘာကြောင့် ဒီလို ဖြိုခွင်းတာလဲ
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- နိုဝင်ဘာလ (၂၉) ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁...
- ဒီဇင်ဘာလ (၂) ရက်နေ့ ထုတ် EURO SPORTS JOURNAL VOL 4...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- သတင်းထုတ်ပြန်ချက် ၁၁-၂၀၁၂ အား ပယ်ဖျက်လိုက်ပါကြောင်း
- သံဃာတော် များမှာ ဖော့စဖိတ် ပါသော မီးခိုးဗုံး အမျို...
- ယခင်အစိုးရနှင့် စီမံကိန်းအား ကာကွယ်၍ သတင်းထုတ်ပြန်...
- သပိတ်အင်အား ၈၀ ကျော် ဒဏ်ရာရ၊ သံဃာ အပါး ၃ဝ ဆေးရုံတင...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- DVB 29.11.2012 - 4pm News
- ၁- မင်္ဂလသုတ်-
- ပိဋကတ် ၃ပုံ မြန်မာပြန် စာအုပ် Download(33.5MB)
- မြန်မာ့ပညာရေး မြှင့်တင်ရန် အမေရိကန် တက္ကသိုလ်များ က...
- စစ်တပ်လွှဲပြောင်း သံမဏိစက်ရုံ နှစ်ရုံအတွက် ငွေဘီလီယ...
- လက်ပံတောင်း အကြပ်အတည်း ညှိနှိုင်းအဖြေရှာရန် ဒေါ်အောင...
- ဖြိုခွင်းခံရလည်း လက်ပံတောင်းအရေး မပြီးဟုဆို
- လက်ပံတောင်းအရေး ပြေလည်ရန် ကြိုးစားမည်ဟု ဒေါ်အောင်ဆန...
- ဦးခင်ညွန့်နဲ့ ခဏတဖြုတ် ဆုံတွေ့ခြင်း
- အလုပ်သမား အထောက်အထားများ အလုပ်ရှင်သိမ်းဆည်းပါက တို...
- မတင်နီလာအေး အမှု စွဲချက်တင်တော့မည်
- တော်ဝင် သစ်စက်အရေး ခုံသမာဓိကောင်စီ ဆုံးဖြတ်ချက်ချပြီ
- လက်ပံတောင်းအရေး ထိပ်တိုက်တွေ့မှာ စိုးရိမ်နေ
- ပျက်စီးနေသော တရားစီရင်ရေးနှင့် ချည့်နဲ့နေသော မဏ္ဍိုင...
- လက်ပံတောင်း အင်အားသုံး ဖြိုခွင်းမှုကို ဒီလိုမြင်ကြတယ်
- တန်ဆောင်တိုင် စာအုပ်ဈေးရောင်း ပွဲတော် ကျင်းပလျက်ရှိ
- အကျဉ်းဦးစီး ဌာန၏ မိသားစု ဘုံကထိန်တွင် သိန်း ၁၇၀ ကေ...
- ဒီဇင်ဘာလ အတွင်း တန်ဖိုးနည်း အိမ်ရာများ တည်ဆောက်ရန်...
- တန်ဆောင်တိုင် မသိုးသင်္ကန်း ရက်လုပ် လှူဒါန်းခဲ့
- ၁၈ ကြိမ်မြောက် ကိုယ်ကာယ ကြံ့ခိုင်မှု ပြိုင်ပွဲ ပြုလ...
- ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဒီရေတော ထိန်...
- လာမည့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လတွင် ငမိုးရိပ် ဒုတိ...
- ၂၀၁၃ နှစ်ဆန်းပိုင်းတွင် ၅၀၀ ကေဗွီဓာတ်အား လိုင်း၏ အ...
- ရန်ကုန်အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ကွန်ဒို တိုက်ခန...
- Anti-Copper Mine Demonstration Update
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွဲ ၊ သံဃာတော် အပါး(...
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- ဆန္ဒပြသူများအပေါ် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံကို ဝေဖန်
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ပန်းတောင်းတေ...
- ကြေနီစီမံကိန်းရပ်တန့်ရေးသပိတ်စခန်း ဖြိုခွင်းမှု အသံ...
- ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုင်ကုမ္ပဏီနှင့် တွေ...
- သပိတ်စခန်းများကို အကြမ်းဖက် နှိမ်နင်းမှုကြောင့် သံဃ...
- လုံခြုံရေးများ ပိတ်ဆို့ထားသဖြင့် ဒဏ်ရာရှိသူများကို...
- လက်ပံတောင်းတောင် စီမံကိန်းရှိ သပိတ်စခန်းများအား (ဓ...
- မြန်မာပြည်က စပစ်ဖိုင်းယားတွေကို တူးတော့မယ်
- လက်ပံတောင်း တောင် သပိတ် လူစုခွဲ
- အစိုးရလုံခြုံရေးတပ်တွေ မီးလောင်ဗုံးသုံးပြီး သပိတ်ခွဲ
- လက်ပံတောင်းအရေးပေါ်သတင်း
- တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရန် အစိုးရအဖွဲ့မှ ကတိတ...
- ကြာသပတေးနေ့ တီဗွီသတင်းများ
- လက်ပန်းတောင်းတောင် သပိတ်စခန်း လုံထိန်းရဲတွေ စီးနင်...
- ဓာတ်ပုံလေးတွေကို Effect တွေ နောက်ခံသီချင်းတွေနဲ့ D...
- မိုင် ၂၄၀ ကျော် ခရီးရှည် မသန်စွမ်း ၀ှီးချဲစွမ်းရည်...
- ညောင်နှစ်ပင်မှ သင်္ကန်းကျွန်း အထိ ရေပို့ပိုက်မကြီး သ...
- 2012- Korea- Myanmar Medical Tourism Forum ပထမဆုံး...
- ၁၃ ကြိမ်မြောက် ဂရိတ်ဝေါ ASIA အမျိုးသား တံခွန်စိုက်...
- ICT ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဖိုရမ် ကျင်းပခဲ့
- မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် စီးပွားရေး ကုန်သွယ်မှုမျ...
- မကြာမီ လပိုင်း အတွင်း GSM တန်ဖိုးနည်း ဖုန်းများ ထပ...
- ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်း၊ အင်တာနက...
- ယာဉ်အမျိုးအစား အလိုက် ကုန်တန်ချိန် တင်ဆောင်မှု တိုး...
- မန္တလေးတက္ကသိုလ်ဆရာများအဖွဲ့ ခေါင်းဆောင်များ နယ်ပြော...
- တိုက်ပွဲဝင် သပိတ်စခန်းများ အရေး ဗကသများ အဖွဲ့ချုပ်...
- လက်ပံတောင်းတောင်အရေး ဦးဆောင်သူများအား ပုဒ်မ-၅၀၅/ခ ...
- နမ့်စန်မြို့နယ် NLD အဖွဲ့ဝင်တစ်ဦးအား အမှတ်(၅၁၆)တပ်...
- » ပျောက်သွားတဲ့ နိုင်ငံသား စီစစ်ရေး ကတ်ပြား ကျပ် (...
- လက်ပံတောင်းတောင် နောက်ဆုံး မျှော်လင့်ချက် အတွက် သွ...
- စစ်တွေကို ထွက်ပြေး လာတဲ့ မွတ်ဆလင်တွေ နေရပ် ပြန်ပို...
- ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် အငြိမ်းစားပုဂ္ဂို...
- နိုဝင်ဘာလ (၂၉) ရက်နေ့ ထုတ် The Hot News (Vol-3,No-...
- သပိတ် စခန်းတွေ ဖယ်ဖို့ ကြေညာချက်ထုတ် ထားပေမယ့် ဆက်...
- အီဂျစ် နိုင်ငံသား ထောင်သောင်းချီ စုဝေး
- လစ်ဗျားသံရုံးတိုက်ခိုက်မှု သတင်းအမှားပေး
- ဆီးရီးယား အစိုးရ လေကြောင်း ထိုးစစ်ကြောင့် အများအပြ...
- လက်ပန်းတောင်း သပိတ်စခန်းတွေဖျက်ဖို့ အမိန့်ထုတ်
- ဌာနေပြန် ရွှေတွင်းအလုပ်သမားတွေ အခက်တွေ့နေ
- လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ယနေ့ည ...
- ကြေးနီတောင်စီမံကိန်း ဖျက်သိမ်းပေးရေး သပိတ်ကော်မတီ ...
- ပုသိမ်လေတပ်စခန်း အတွင်း ဝါယာရှော့ခ်ကြောင့် မီးလောင...
- မြေကျင်းထဲတွင် အမျိုးသား ၃ ဦး သေဆုံး
- ရဲတပ်ဖွဲ့ ဝင်တဦး၏ (၁၄) နှစ်အရွယ် သမီးကို ရဲတပ်ဖွဲ ...
- အဆင်မြင့် ၇ည်းစား စကားး
- ဆရာမ ရိုက်မှုကြောင့် မူလတန်း ကျောင်းသား တစ်ဦး ဆေးရံ...
- လက်ပံတောင်းတောင်အရေးနှင့် အချုပ်ကျနေသူများအတွက် ဒု...
- အာဏာပိုင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဒေသအကျ...
- ဒေါ်စုနှင့် ဦးသိန်းစိန် ‘ကမ္ဘာဆန်ဆန် တွေးခေါ်သူ’ သတ်မ...
- ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်း၊ အင်တာနက...
- ရန်ကုန်-မန္တလေးကားလမ်းမပေါ် ယာဉ်တိမ်းမှောက် တရုတ်အမျ...
- ဇွဲကပင်ဆောင် စာစစ်ဌာနတွင် မီးလောင်
- ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြခေါင်းဆောင်အချို့က...
- တေးသံရှင် Dဖြိုး စိတ်ကြွဆေးပြား တွေ့ရှိမှုဖြင့် အဖ...
- ကျိုက်ထီးရိုးဆံတော်ရှင်မှာ ချွေသည့်ဆု
- အစ္စလာမ်ညီအကိုတော်ရုံး ဆန္ဒပြသူတွေဝင်စီး
- မုံရွာဆန္ဒပြသံဃာများ ဆားလင်းကြီးသပိတ်စခန်းများနှင့်...
- မိုးထိမိုးမိရွှေလုပ်သားများ အစိုးရနှင့် ညှိနှိုင်း
- ပြည်တွင်းထိပ်တန်း ကုမ္ပဏီကြီးများက စက်သုံးဆီများ တရ...
- ညောင်ဦးမြို့ တုရွင်းတောင်အနီး မီးရထားနှင့်ကား တိုက...
- မုံရွာမြို့ ချင်းတွင်းမြစ်ကမ်းဘေးတွင် သံဃာတော်များ...
- ပြုပြင် ပြောင်းလဲမှုတွေကို စောင့်ကြည့် ရမယ်လို့ ဒေါ်...
-
▼
November
(1044)

No comments:
Post a Comment