Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday, 13 November 2012

ရခိုင်ပြည်နယ်ဆောက်လုပ်ရေးကဏ္ဍအတွက် လွှတ်တော်သို့ ကျပ် ၅၈ ဘီလီလျံဘိုးတင်ပြ

စစ်တွေ၊နိုဝင်ဘာလ ၁၂။

ရခိုင်ပြည်နယ် လွှတ်တော်တွင် ယခုနှစ် ဘက်ဂျတ်တင်ပြထားသော စာရင်းအရ ဆောင်လုပ်ရေး ကဏ္ဍအတွက် ၅၈ ဘီလီလျံ တင်ပြထားကြောင်းနှင့် ငွေစာရင်းတွင် အများဆုံးတင်ပြထားသော ကဏ္ဍဖြစ်ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ထုတ်ဖော်ပြောကြားသည်။

ယမန်နှစ် ဘက်ဂျတ်တွင် စုစုပေါင်း ၆၅ ဘီလီလျံ တင်ပြထားကြောင်း သိရပြီး ၄ ဘီလီလျံမှာအစိုးရအဖွဲ့၏စီမံခန့်ခွဲမှု ညံဖျင်းသောကြောင့် ပြန်လည် အသိမ်းခံရကြောင်းနှင့် ယခုနှစ်အတွက် ဘက်ဂျက် တင်ပြစာရင်းမှာ စုစုပေါင်း ကဏ္ဍအစုံအတွက် ၈၅ ဘီလီလျံ တင်ပြထားကြောင်း ထပ်မံပြောကြားသည်။

“အစိုးရအဖွဲ့ကလုပ်ပိုင်ခွင့်ရထားတဲ့ ကိစ္စတွေကိုမလုပ်နိုင်ဘူး၊ ဒီအတွက်လည်းလွှတ်တော်မှာ ၀ိုင်းဝန်းတိုက်တွန်းထားကြတယ်။ မနှစ်က
ဘတ်ဂျတ်မှာ ၄ ဘီလီလျံ ပြန်အသိမ်းခံရတယ်။ စီမံခန့်ခွဲမှုမလုပ်နိုင်တဲ့ အတွက် ပြန်သိမ်းသွားတယ်။အစိုးရအဖွဲ့ကလည်းသူတို့မလုပ်နိုင်တာဖြစ်တဲ့အတွက် ၀န်ခံပါတယ်။ ဒီနှစ်တော့ ကျနော်တို့အနေနဲ့လည်းထပ်မဖြစ်အောင် တွန်းအား ပေးထားကြတယ်။ ပြည်ထောင်စုက ဘယ်လောက်ထောက်ပံ့ ထောက်ပံ့ ဒီမှာစီမံခန့်ခွဲမှုညံ့ရင် ဘယ်လိုလုပ်ဖွံဖြိုးမှု အားရှိမလဲ” ဟု၎င်းကဆိုသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်တို့တွင် အုပ်ချုပ်ရေး ယန္တရားနှင့် ဥပဒေပြုရေးတို့အကြားနားလည်မှု အခက်အခဲ များစွာရှိကြောင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရရရှိထားသော ပြည်နယ်အစိုးရ၏လုပ်ပိုင်ခွင့် နှင့် ပြည်နယ် လွှတ်တော်တို့၏ လုပ်ပိုင်ခွင့် အားအသုံးချမှုတွင် အခက်အခဲ ရှိကြောင်းသိရသည်။

ပြည်နယ်တွင်း ဒေသဖွံဖြိုးမှုဆိုင်ရာအားနည်းမှုအား ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ တိုင်းအထွေထွေအတွင်းရေးမှူး ဒေါက်တာ စန်းရွှေက “ရခိုင်ပြည်ဟာဒုတိယဖွံဖြိုးမှုအားနည်းတဲ့နေရာပါ” ဟုညွှန်းဆိုသွား ခဲ့သည်။

“ရခိုင်ပြည်မှာ အစိုးရအဖွဲ့နဲ့ လွှတ်တော်အဖွဲ့တွေ ပူးပေါင်းကြဖို့လိုတယ်။ လွှတ်တော် ဆိုတာ အုပ်ချုပ်ရေး ယန္တရားကို တည့်မက်ပေးချင်တဲ့ စိတ်ပဲရှိပါတယ်။ လွှတ်တော် အဖွဲ့တွေကို အစိုးရအနေနဲ့ အမြင်ကြည်လင်ဖို့လိုတယ်” ဦးအောင်မြကျော်ကပြောကြားခဲ့သည်။

စူးရှ-The Myanma Age



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့